Relationship

ဒီ (၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေးမျိုးကိုသာ အနာဂတ် ခင်ပွန်းလောင်းအဖြစ် ရွေးချယ်ပါ …

အရင်ခေတ်ကတော့ တစ်ယောက်နဲ့တစ်ယောက် လက်ထပ်ဖို့ကို ၃နှစ်၃မိုး စောင့်ကြည့်ကြပါတယ်။ ဒီကာလက တစ်ဖြည်းဖြည်းနဲ့ တိုးတောင်းလာပြီး ဒီနေ့ခေတ်မှာတော့အခုတွေ့ အခုကြိုက် အခုလွန်လွန်ကျူးကျူး တွေဖြစ်၊ အခုယူဆိုတာမျိုးတွေ များပြားလာပါတယ်။ စုံတွဲလို့မခေါ်ပဲ ဆုံတုံးတွဲတဲ့ ‘ဆုံတွဲ’ တွေများလာပါတယ်။ အိမ်ထောင်မှုအကွဲအပြဲတွေကလည်း အရင်ခေတ်ကထက်စာရင် အဆမတန်ကို များပြားလာပါတယ်။ သာယာလှပတဲ့အိမ်ထောင်လေး တစ်ခုပိုင်ချင်ရင်တော့ အိမ်ထောင်မပြုခင် သေသေချာချာ စဉ်းစားဖို့လိုပါတယ်။ အောက်ပါ အချက်(၅)ချက်နဲ့ ကိုက်ညီတဲ့ သူမျိုးကို သင်ချစ်သူအဖြစ်ပိုင်ဆိုင် ထားတဲ့ဆိုရင်တော့ သူဟာသင့်ရဲ့ ခင်ပွန်းလောင်း […]

Relationship

တစ်သက်စာ လက်တွဲသွားမယ့် ချစ်သူကို ဒီမေးခွန်းလေးတွေ မေးထားသင့်ပါတယ်

ချစ်သူဖြစ်ကာစ စုံတွဲအများစုဟာ ချစ်စခင်စမို့ ပျော်ရွှင်စရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ်။ တကယ်လို့ လက်ရှိချစ်သူကို တစ်သက်စာလက်တွဲဖို့ စဉ်းစားထားတယ်ဆို သူ့ကိုဒီမေးခွန်းလေးတွေမေးကြည့်ပါ။ ၁။ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတာလေးတွေ ဘယ်လိုညှိယူမလဲ ။ မတူညီတဲ့နယ်ပယ်ဒေသ၊ အသိုင်းအဝိုင်းက လူနှစ်ဦးချစ်ကြိုက်ပြီဆို သဘာထားကွဲလွဲတာမျိုး အမြင်မတူတာမျိုးရှိစမြဲပါ။ အဓိကကတော့ သူ့သဘောထားကို လေးလေးစားစား နားလည်ပေးဖို့ နဲ့ ကိုယ့်အမြင်ကိုလည်း သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြပြီး ညှိနှိုင်းယူပြီသင့်ပါတယ်။ ၂။ အနာဂတ်မျှော်မှန်းချက်က ဘာဖြစ်မလဲ ။ နှစ်ဦးသား လက်တွဲဖြစ်ကြရင် ဘာကိုမျှော်လင့်လဲလို့မေးရမှာပါ။ […]

Relationship

သင့်ချစ်သူကောင်လေးက သင့်ကို တကယ်ချစ်၊ မချစ်ဆိုတာ သေချာသိနိုင်တဲ့ အချက် (၅) ချက်

လူတစ်ယောက်ရဲ့စိတ်ဟာ မှန်းနိုင်ဖို့ခဲယဉ်းပါတယ်။ အထူးသဖြင့် ချစ်သူရည်းစားရဲ့ စိတ်နေ သဘောထားကိုပေါ့။ ချစ်မိပြီဆို မျက်စိမှတ်ယုံလိုက်တဲ့ ပျိုမေတွေအနေနဲ့ သူနဲ့ ခြေတလှမ်းခွာလို့ ဒီအချက်လေးတွေ သူ့မှာရှိနေပြီလားဆိုတာ ပြန်လေ့လာကြည့်ဖို့ လိုပါတယ်။ အချစ်မှာ လိုအပ်တဲ့အချိန်အပိုင်းအခြား တစ်ခု ကျိန်းသေရှိသင့်ပါတယ်။ ဒီအချိန်အပိုင်းအခြား အတွင်းမှာ သင့်အနေနဲ့ ဒီအချက်တွေ သူ့ဆီမှာရှိမရှိ ရှာဖွေကြည့်ပါ။ ၁။ သင့်ရဲ့ လွှမ်းမိုးနိုင်မှု ဒီတစ်ခုကတော့ အမျိုးသားတွေမလိုချင်ဆုံးအရာ ဖြစ်နိုင်တယ်။ ဒါပေမယ့် အကုန်လုံး မဟုတ်တောင် အနည်းငယ်တော့စမ်းကြည့်သင့်ပါတယ်။ […]

Relationship

ယောင်္ကျားလေးများရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တဲ့ မိန်းကလေး အမျိုးအစား (၈) မျိုး

ယောင်္ကျားလေးအများစုရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တဲ့ မိန်းကလေး အမျိုးအစား (၈) မျိုးကို ဖော်ပြပေးချင်ပါတယ်။ သင့်ချစ်သူကောင်မလေးက ဒီအချက်လေးတွေထဲက တစ်ဝက်လောက် ပိုင်ဆိုင်ထားရင်ကို သင် အရမ်း ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ၁။ သင့်ထက် ပိုဉာဏ်ကောင်းတဲ့ မိန်းကလေး။ ထက်မြက်တဲ့ယောကျာ်းလေးတွေက သူတို့ထက်ပိုပြီး ဉာဏ်ကောင်းတဲ့မိန်းကလေးတွေကို သဘောကျကြပါတယ်။ ဘာလို့လဲဆိုတော့ ဘဝရဲ့အစိတ်အပိုင်းကို လက်တွဲဖော်ဆီကနေ သင်ယူပြီးဖြတ်သန်းရမယ်ဆိုတာကို သူတို့ကသိနေ လို့ပါပဲ။ ၂။ ရိုးသားဖြူစင်သော မိန်းကလေး။ သူမကသင့်ကို ဘယ်အကြောင်းနဲ့မှ […]

Relationship

မိန်းကလေးတွေ သူတို့ ချစ်သူကောင်လေးကို လိမ်ပြောလေ့ရှိတဲ့ စကား (၉) ခွန်း

မိန်းကလေးတွေကသူတို့ရဲ့ခံစားချက်ကိုဖုံးကွယ်တတ်ကြသူတွေဖြစ်ပါတယ်။ ဒီစကားတွေကတော့ မိန်းကလေးတစ်ယောက်ကသူ့ချစ်သူကို လိမ်ညာတတ်တဲ့စကားတွေထဲက အပြောအများဆုံးတွေပါတဲ့နော်။ ၁။ နင်မမှားပါဘူး။ သင်တခုခုမှားယွင်းနေခဲ့တယ် ဆိုရင်တောင် သူမအနေနဲ့ အဲ့အမှားကို ပြန်မပြောပြတတ်ပါဘူး။ ဒီစကားဟာ မိန်းကလေးတွေ သူ့ချစ်သူကို ညာလေ့ရှိတဲ့စကားတွေထဲက တခုပါ။ သူမမှာမကောင်းတဲ့ စိတ်ခံစားချက်တွေရှိနေ ရင်တောင်မှ အဲ့ဒီစိတ်ကို ရှောင်ဖယ်ပြီး သင့်ကိုပြောပြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သင်တို့နှစ်ဦးကြားစိတ်ဆိုး တဲ့အခါမျိုးတွေမှာပေါ့ ၂။ ဟုတ်ပါတယ်၊ မင်းဘက်ကမှန်တာပါ။ ဒီစကားကတော့ နှစ်ဦးသားပဋိပက္ခဖြစ်တဲ့အချိန်မျိုးမှာ ပြသနာဖြစ်မယ့်အခြေအနေကိုရှောင်ဖို့အတွက် မိန်းကလေးတော်တော်များများ ပြောတတ်ကြတာပါ။ […]

Relationship

ချစ်သူစုံတွဲတွေကြား လုံးဝ မပြောသင့်တဲ့ စကား (၄) ခွန်း ….

သမီးရည်းစားဖြစ်ပြီဆိုရင် ကိုယ့်ချစ်သူရဲ့ အားနည်းချက် အားသာချက်လေးတွေကို နားလည်ပေးဖို့လိုပါတယ်။ ကိုယ့်ဘက်ကချစ်လွန်းလို့ သူ့ကို ချုပ်ချယ်မိတာ ၊ စိတ်တိုလို့ ပြောလိုက်မိတာတွေရယ် ကြိမ်ဖန်များစွာ ကြားရတဲ့အခါ တစ်ဖက်ကကိုယ့်ချစ်သူကလည်း သည်းခံနိုင်စွမ်းကုန်လာပါလိမ့်မယ်။ ကိုယ်ကတော့ ချစ်သူကို ဖြစ်စေချင်တဲ့စိတ်လေးနဲ့ ဆန္ဒစောဒေါသထွက်ပြောလိုက်မိပေမယ့် တစ်ဖက်ကလူဘက်ကတွေးရင်လည်း ဖိအားတစ်ခုလို ကြာရင် ပေါက်ကွဲပါလိမ့်မယ်။ လက်တလောကိုယ့်ရဲ့မျက်စိရှေ့မှာတင် ပြတ်သွားကြတဲ့ အတွဲတွေကြည့်လိုက်နော် ဘယ်လောက်နှစ်တွေကြာကြာ ကွဲကြတာပဲ။ ဒါ့ကြောင့် သူငယ်ချင်းတွေလည်း ကိုယ့်ရဲ့အချစ်ရေးခိုင်မြဲစေချင်ရင် ဒီစကား(၄)ခွန်းကို မပြောမိစေနဲ့နော်။ ၁။ အထက်စီးဆန်တဲ့ […]

Relationship

လက်ရှိ ချစ်သူလေးနဲ့ တစ်သက်လုံး မြဲပြီဆိုတာ သေချာစေတဲ့ အချက် (၈) ချက်

ဖူးစာပါလို့ ဆုံဆည်းလာကြရတဲ့ ချစ်သူနှစ်ဦး ဘယ်သူမဆို သူ့ဘက်ကိုယ့်ဘက် သစ္စာမဖောက်၊ ယုံကြည်မှုရှိရှိ နားလည်မှုအပြည့်နဲ့ ဘဝကို ဖြတ်သန်းချင်ကြမှာပါ။ တစ်ချို့အရာတွေက ကံတရားက ကြားဝင်ဖြတ်လို့ ပြတ်သွားတတ်တာမျိုး ချွင်းချက်ထားပြီး ကိုယ့်ချစ်သူဟာ ကိုယ်နဲ့တစ်သက်မခွဲပဲ မြဲမလားဆိုတာ သိချင်တတ်ကြပါတယ်။ ဒီတော့ ချစ်သူနှစ်ဦး မြဲမမြဲ ဒီအခြေခံကျတဲ့ အချက်လေးတွေကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ ၁။ တစ်ဦးနဲ့တစ်ဦး ဒီချစ်ခြင်း မေတ္တာအတွက် ကျေးဇူးတင်စကားဆိုဖြစ်တယ်။ ကိုယ့်ဘေးမှာ အမြဲရှိပေးတဲ့အတွက်၊ ကိုယ့်ကိုနားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ် […]

Relationship

ခဏခဏ ရန်ဖြစ်တတ်တဲ့ ချစ်သူစုံတွဲတိုင်းအတွက် အကောင်းဆုံး အကြံပြုချက် (၅) ခု

အရမ်းကောင်းတဲ့ အကြံပြုချက်လေးတွေမို့ Love Shop ကနေ ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင် သင်တို့ ချစ်သူနှစ်ဦးအတွက် အကျိုးရှိမယ်ဆိုတာ ယုံကြည်ပါတယ်။ ၁။ တစ်ချိန်တည်းမှာ နှစ်ယောက်လုံး ပြိုင်တူ ဒေါသမထွက်ပါနဲ့။ ဒါအရေးကြီးတယ်နော် ။ ဒေါသဆိုတာ ထိန်းရခက်ပါတယ်။ တစ်ယောက် ဒေါသ ထွက်နေရင် ကျန်တစ်ယောက်က ပြန်ထိန်းပေးရပါမယ်။ သူဒေါသထွက်နေလို့ ကိုယ်လဲ သူ့ပုံစံအတိုင်း ပြန်လည်တုံ့ပြန်လိုက်မယ် ဆိုရင်တော့ဖြင့် အခြေအနေတွေ ပိုဆိုးရုံပဲ ရှိမှာပါ။ […]

Relationship

ရိုးမြေကျအောင် ပေါင်းဖက်သွားရမယ့် ချစ်သူနှစ်ဦး ကြားမှာ ဒီအပြုအမူ (၁၀) ချက် ရှိပါတယ်

ချစ်သူဖြစ်နေစေဦးတော့။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေ၊ ငြင်းခုန်ရန်ဖြစ်ရတာ၊ ဘာမဟုတ်တာလေးတွေနဲ့ သဘောထားမတိုက်ဆိုင်မှုကိစ္စတွေ ခဏခဏ ဖြေရှင်းရတယ်ဆိုရင် သင်ဟာ သင့်အချစ်ရေးကို စိတ်ကုန်လာမှာပါ။ အဲ့ဒီလိုမှ မဟုတ်ပဲ သင့်အချစ်ရေးအတွက် သင်ဟာ သူ့ကိုသာ အဆုံးထိ လက်တွဲဖို့တောင် သေချာနေပြီဆိုရင်တော့ ဒီလိုအချက်ကလေးတွေကြောင့် ဖြစ်ပါလိမ့်မယ်။ ၁။ နှစ်ဦးသားအကြိုက်တူတာလေးတွေ ဝေမျှတတ်ကြတယ်။ ကိုယ်ဝါသနာပါတဲ့ အားကစား၊ ကိုယ်ကြိုက်တဲ့သီချင်းအမျိုးအစား၊ ကိုယ်ဖတ်တဲ့စာအုပ်မျိုးစတာတွေကို သူနဲ့အတူ အမြဲဝေမျှတတ်တယ်။ သူ့အကြိုက်ကိုလည်း ကိုယ်ကအလေးထားတတ်တယ်ဆိုရင် ဒါဟာရေရှည်သွားမယ့်အတွဲတွေရဲ့ ပုံစံပါပဲ။ ၂။ […]

Relationship

သင့်ကို အချစ်စစ်နဲ့ ချစ်တဲ့ ကောင်လေးတစ်ယောက် ဆီမှာ ဒီအမူအကျင့် (၅) ခု ရှိပါတယ်

မိန်းကလေးတိုင်းက ကိုယ့်ဖူးစာရှင်ကို ပုံဖော် စိတ်ကူးထားခဲ့ကြဖူးမှာပါပဲ။ အခုတခါတော့ မိန်းကလေးတစ်ယောက်အတွက် စစ်မှန်တဲ့ ချစ်သူယောကျာ်းလေးဆိုတာ ဘယ်လိုလူလဲဆိုတာကို လေ့လာပြီး ဖော်ပြပေးလိုက်ပါတယ်။ ၁။ အချိန်မှန် ဖုန်းဆက်တတ်သူ ။ သူ့ရဲ့ အလုပ်ချိန်ကလွဲရင် ကျန်အချိန်တိုင်းမှာ မင်းကိုဖုန်းဆက်တတ်သူပေါ့။ အမြဲ မင်းအသံကို ကြားချင်နေပြီး အဲ့လိုကြားဖို့ ကြိုးစားနေတတ်သူလည်း ဖြစ်ပါတယ်။ မင်းအနားမှာ အတူတူရှိမနေရင်တောင်မှ သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကို မင်းနဲ့ဆက်သွယ်ရင်း ကုန်ဆုံးတတ်သူလည်း ဖြစ်ပါတယ်။ ၂။ အမြဲ sms ပို့တတ်သူ။ […]