ယောင်္ကျားလေးများရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တဲ့ မိန်းကလေး အမျိုးအစား (၈) မျိုး

ယောင်္ကျားလေးအများစုရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တဲ့ မိန်းကလေး အမျိုးအစား (၈) မျိုးကို ဖော်ပြပေးချင်ပါတယ်။ သင့်ချစ်သူကောင်မလေးက ဒီအချက်လေးတွေထဲက တစ်ဝက်လောက် ပိုင်ဆိုင်ထားရင်ကို သင် အရမ်း ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

၁။ သင့်ထက် ပိုဉာဏ်ကောင်းတဲ့ မိန်းကလေး။

ထက်မြက်တဲ့ယောကျာ်းလေးတွေက သူတို့ထက်ပိုပြီး ဉာဏ်ကောင်းတဲ့မိန်းကလေးတွေကို သဘောကျကြပါတယ်။ ဘာလို့လဲဆိုတော့ ဘဝရဲ့အစိတ်အပိုင်းကို လက်တွဲဖော်ဆီကနေ သင်ယူပြီးဖြတ်သန်းရမယ်ဆိုတာကို သူတို့ကသိနေ လို့ပါပဲ။

၂။ ရိုးသားဖြူစင်သော မိန်းကလေး။

သူမကသင့်ကို ဘယ်အကြောင်းနဲ့မှ မညာတတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်းတို့ကြားကဆက်ဆံရေးမှာ အလိမ်အညာနဲ့ မထိုက်တန်ဘူးဆိုတာ သူသိနေလို့ပါပဲ။ တစ်ခါတစ်လေအမှန်တရားက မင်းတို့အတွက်အဆင်မပြေခဲ့ ဘူးဆိုရင်တောင် သူမက မင်းကို ဘယ်တော့မှ မညာခဲ့ပါဘူး။

၃။ အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေး။

အခုခေတ်မှာ ဘဝကိုအမြဲအကောင်းမြင်စိတ်နဲ့ကြည့်ဖို့ဆို တာတကယ်ခက်ပါတယ်။ ပြိုင်ဆိုင်မှုတွေများလာတဲ့အတွက် စိတ်ဓာတ်ကျစရာတွေကလည်းများလာတာပေါ့။ ဒါပေမယ့် သူမအတွက်ကတော့ဒါကအကြောင်းမဟုတ်ပါဘူး။ အကောင်းမြင်စိတ်ဆိုတာ ကူးစက်တတ်တဲ့အရာပါ။ သူမက သူမရဲ့အနားကလူတွေကိုလည်း အကောင်းမြင်စိတ်နဲ့ရှင် သန်လာအောင် ပြုလုပ်ပေးတတ်သူပေါ့။

၄။ မျှမျှတတ စဉ်းစားတတ်တဲ့ မိန်းကလေး။

အမြဲနှစ်ဘက်ကိုမျှတစွာစဉ်းစားတတ်တဲ့မိန်းကလေးဆိုတာ ရင့်ကျက်တည်ငြိမ်ပြီးကိုယ့်ကိုကိုယ်တည်ငြိမ်တဲ့ လက်တွေ့ ကျကျဘဝကိုနေထိုက်တတ်သူလည်းဖြစ်ပါတယ်။ Relationshipဆိုတာ တဖတ်သတ်နဲ့တည်ဆောက်လို့ မရဘူးဆိုတာကိုလည်း နားလည်တဲ့သူပါ။ ကောင်းမွန်တဲ့ Rsဖြစ်ဖို့သူမရဲ့ဘဝထဲမှာလည်း သင့်ကိုနေရာပေးရမယ်ဆို တာကိုလည်းနားလည်တဲ့သူပေါ့။

၅။ သင့်ကို ပျော်ရွှင်ရယ်မောစေတဲ့ မိန်းကလေး။

ဟာသဉာဏ်ရှိတဲ့မိန်းကလေးက သင်တို့ Relationship ရဲ့အချိန်တော်တော်များများကို ရယ်မောခြင်းနဲ့ကုန်ဆုံးစေသူ တွေပါ။ သူမကအမြဲလိုဟာသတွေပြောပြီးပျော်အောင်နေ တတ်သူပေါ့။ ဒါ့အပြင်မင်းပြောတဲ့ဟာသတွေကိုလည်း နားထောင်ရယ်မောတတ်တဲ့မိန်းကလေးမျိုးပါ။ ယခုဆောင်းပါးကို Love Shop မှ ရေးသားတင်ဆက်ပါသည်။

၆။ ပွင့်လင်းပြီး အမြင်ကျယ်တဲ့ မိန်းကလေး။

ဒီလိုမိန်းကလေးတွေကတော့ သင်ယူလိုစိတ်ရှိပြီး ဆက်ဆံရေးကောင်းတဲ့သူပေါ့။ သူမကိုဆန့်ကျင်အပြစ်ပြော သူတွေရဲ့ထင်မြင်ချက်တွေအမြင်တွေနဲ့အယူအဆတွေကို မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိသူလဲဖြစ်ပါတယ်။ မင်းအတွက်နားထောင်ကောင်းတဲ့သူလည်းဖြစ်ပြီး ပြသနာတွေအတွက်တိုင်ပင်ဖော်ကောင်းဖြစ်စေမှာသေချာ ပါတယ်။

၇။ ကြင်နာတတ်တဲ့ မိန်းကလေး ။

ဒီနေ့ခေတ်မှာ အကြင်နာတရားရှိသူတွေက ရှာရခက်တာမို့ ဒီလိုမိန်းကလေးကိုတွေ့ပြီဆိုရင် လက်လွတ်မခံပါနဲ့။ မတရားမှုတွေမြင်တိုင်း အမှန်တရားဘက်ကရပ်တည်တာကို မြင်ရရင်သူမရဲ့ကြင်နာစိတ်ကိုသိနိုင်ပါတယ်။ ဒီလိုရပ်တည်လို့ ဘယ်လိုဆုလာဒ်ကိုမှမျော်လင့်ခြင်းမရှိဘဲ ကူညီတတ်တဲ့မိန်းကလေးပေါ့။

၈။ ကိုယ့်အားကိုယ် ကိုးတတ်တဲ့ မိန်းကလေး။

သူမရဲ့ဘဝကို Relationship တခုနဲ့အဓိပ္ပါယ်မသတ် မှတ်ပါဘူး။ သူမကစိတ်ဓာတ်ခိုင်မာပြီးလွတ်လပ်စွာ ကိုယ့်အားကိုယ်ကိုးရပ်တည်ချင်သူပါ။ သူမမှာဖြစ်ချင်တဲ့ အိပ်မက်တွေအများကြီးရှိပြီး ဒီအရာတွေနဲ့သူမဘဝကို ပုံဖော်ဖို့ကြိုးစားတတ်တဲ့မိန်းကလေးပါ။

ကဲ ဒီလို ချစ်သူမိန်းကလေးမျိုး ပိုင်ဆိုင်နေရပြီ ဆိုရင်တော့ သင်ကကံကောင်းတဲ့သူပါနော်။

ချစ်သူတိုင်းပေါင်းစည်းနိုင်ကြပါစေ ။

ဆောင်းပါးရေးသားသူ –
Eitz Aung ( Love Shop )