ချစ်သူစုံတွဲတွေကြား လုံးဝ မပြောသင့်တဲ့ စကား (၄) ခွန်း ….

သမီးရည်းစားဖြစ်ပြီဆိုရင် ကိုယ့်ချစ်သူရဲ့ အားနည်းချက် အားသာချက်လေးတွေကို နားလည်ပေးဖို့လိုပါတယ်။ ကိုယ့်ဘက်ကချစ်လွန်းလို့ သူ့ကို ချုပ်ချယ်မိတာ ၊ စိတ်တိုလို့ ပြောလိုက်မိတာတွေရယ် ကြိမ်ဖန်များစွာ ကြားရတဲ့အခါ တစ်ဖက်ကကိုယ့်ချစ်သူကလည်း သည်းခံနိုင်စွမ်းကုန်လာပါလိမ့်မယ်။

ကိုယ်ကတော့ ချစ်သူကို ဖြစ်စေချင်တဲ့စိတ်လေးနဲ့ ဆန္ဒစောဒေါသထွက်ပြောလိုက်မိပေမယ့် တစ်ဖက်ကလူဘက်ကတွေးရင်လည်း ဖိအားတစ်ခုလို ကြာရင် ပေါက်ကွဲပါလိမ့်မယ်။

လက်တလောကိုယ့်ရဲ့မျက်စိရှေ့မှာတင် ပြတ်သွားကြတဲ့ အတွဲတွေကြည့်လိုက်နော် ဘယ်လောက်နှစ်တွေကြာကြာ ကွဲကြတာပဲ။ ဒါ့ကြောင့် သူငယ်ချင်းတွေလည်း ကိုယ့်ရဲ့အချစ်ရေးခိုင်မြဲစေချင်ရင် ဒီစကား(၄)ခွန်းကို မပြောမိစေနဲ့နော်။

၁။ အထက်စီးဆန်တဲ့ စကား။

ဒီလောက်လေးတော့ လုပ်သင့်တယ်နော် ဆိုတဲ့ စကားမျိုး ပေါ့။ ဥပမာကွာ ကိုယ်နဲ့ပတ်သက်တာပဲဖြစ်ဖြစ် ချစ်သူကို အမိန့်ပေးတဲ့ပုံစံမျိုး ပေါက်စေတဲ့ စကားမျိုးပေါ့။ ဘယ်သူမဆို ကိုယ့်မိဘကလွဲလို့ ကိုယ့်အပေါ်အထက်စီးကကျောတဲ့စကားဆို မကြိုက်ကြတာများတယ်လေ။ အဲ့တော့ အာဏာဆန်တဲ့ စကားပြောမယ့်အစား ကိုယ်ဖြစ်စေချင်တဲ့အရာတစ်ခုကို ပြောင်းလဲစေချင်ရင်တောင် “ဒီကိစ္စလေး သာမင်း လုပ်နိုင်မယ်ဆိုရင် ငါတကယ်ကို ဝမ်းသာမိမှာပဲသိလား” လို့ နားဝင်အောင်ပြောပြ။

၂။ အပြစ်တင်တဲ့ စကား။

ဘာမဆို သူ့ကို လွှဲချတယ် အပြစ်တင်တယ်။ သူ့ကိုပဲ အမြဲပြောသလိုဖြစ်နေတာတွေပေါ့။ နင်က ငါ့စကားဆိုနားမထောင်ဘူး ၊ နင်တော်တော်ခေါင်းမာတာပဲ နင်တော်တော် အသုံးမကျတာပဲ စသဖြင့် သူ့ကိုပဲ တဖတ်သက် နင်းပြီးပြောတာမျိုးတွေပေါ့။ အဲ့လိုအသုံးအနှုန်းတွေမပြောမိစေနဲ့နော်။

၃။ အနိုင်ကျင့်ပြီး ဖိအားပေးတဲ့ စကား။

ဒီတစ်ခုက အပေါ်ဆုံးတစ်ချက်နဲ့တူပါတယ်။ အဲ့ဒါကတော့ Must ပေါ့နော်။ လုပ်ကိုလုပ်ရမယ်၊ ဖြစ်ကိုဖြစ်ရမယ်။ တဖက်သား ကိုကျိမ်းသေပေါက် ဖိအားပေးသလို ဖြစ်စေတဲ့စကားပေါ့။ တစ်ဖက်လူရဲ့ အမြင်နဲ့ခံစားချက်ကိုလည်း ထည့်တွေးပေးသင့်ပါတယ်။ ကိုယ်ဖြစ်ချင်တာကိုပဲ စွတ်ပြောနေမယ့်အစား “ ချစ် ဒီတိုင်းသာလုပ်နိုင်မယ်ဆိုရင် ငါ့ကိုကူညီရာရောက်တယ် ဒါမှမဟုတ် ငါကျေနပ်မိတယ် ” လို့ ပြောသင့်တယ်။

၄။ တခြားလူတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတဲ့စကား။

နောက်ဆုံးစကားကတော့ မျှော်လင့်ချက်မထားသင့်တာပါ။ တစ်ခြားလူတွေ လုပ်တာကို အားကျပြီး ဒါလေးတော့ မင်းလည်း သူတို့လိုလုပ်ကြည့်ပါလား။ သူတို့တောင်လုပ်နိုင်သေးတာပဲ ဆိုပြီး ကိုယ့်ချစ်သူကို ပြောင်းလဲဖို့ တခြားလူနဲ့မယှဉ်ပါနဲ့ သူနဲ့ပတ်သက်ပြီး မျှော်လင့်ချက်မထားပါနဲ့။ တခြားလူနဲ့ ကိုယ့်ချစ်သူက အနေအထားချင်းကွာချင်လည်းကွာမှာပါ။ ဒါ့ကြောင့် အဲ့ဒီအချက်နဲ့ပတ်သက်ပြီး မပြောမိစေနဲ့နော်။