တစ်သက်စာ လက်တွဲသွားမယ့် ချစ်သူကို ဒီမေးခွန်းလေးတွေ မေးထားသင့်ပါတယ်

ချစ်သူဖြစ်ကာစ စုံတွဲအများစုဟာ ချစ်စခင်စမို့ ပျော်ရွှင်စရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ်။ တကယ်လို့ လက်ရှိချစ်သူကို တစ်သက်စာလက်တွဲဖို့ စဉ်းစားထားတယ်ဆို သူ့ကိုဒီမေးခွန်းလေးတွေမေးကြည့်ပါ။

၁။ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတာလေးတွေ ဘယ်လိုညှိယူမလဲ ။

မတူညီတဲ့နယ်ပယ်ဒေသ၊ အသိုင်းအဝိုင်းက လူနှစ်ဦးချစ်ကြိုက်ပြီဆို သဘာထားကွဲလွဲတာမျိုး အမြင်မတူတာမျိုးရှိစမြဲပါ။ အဓိကကတော့ သူ့သဘောထားကို လေးလေးစားစား နားလည်ပေးဖို့ နဲ့ ကိုယ့်အမြင်ကိုလည်း သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြပြီး ညှိနှိုင်းယူပြီသင့်ပါတယ်။

၂။ အနာဂတ်မျှော်မှန်းချက်က ဘာဖြစ်မလဲ ။

နှစ်ဦးသား လက်တွဲဖြစ်ကြရင် ဘာကိုမျှော်လင့်လဲလို့မေးရမှာပါ။ အခုချိန်မှာအဆင်ပြေနေပေမဲ့ ငွေရေးကြေးရေး၊ လူမှုရေးစသဖြင့် ကိုယ့်ဘက်ကအကြောင်းအမျိုးမျိုးကြောင့်ပျက်ကွက်ခဲ့ရင် သူ့ဘက်က ဘယ်လိုရပ်တည် ဖြေရှင်းမလဲဆိုတာမျိုးပါ။ နှစ်ဦးကြားမှာရှိတဲ့ အခက်အခဲ၊ လူမှုဆက်ဆံရေးအခြေအနေကို သူဘက်က နားလည်ပေးနိုင်ပါ့မလားဆိုတာပေါ့။ ဒါဟာအရေး ကြီးတဲ့အချက်လည်းဖြစ်ပါတယ်။

၃။ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ ။

ပိုင်ဆိုင်မှုလို့ဆိုလိုက်တာနဲ့ ငွေမက်တယ်လို့ ထင်ကောင်းထင်သွားနိုင်ပါတယ်။ တကယ်က ပိုင်ဆိုင်မှုကိုတွက်ဆပြီး ရှေ့ရေးအတွက် စဉ်းစားလို့ရအောင်မေးကြည့်သင့်တာပါ။

၄။ ကိုယ့်အပေါ် ဘာမကြိုက်တာတွေရှိလဲ ။

နှစ်ယောက်သား ရေရှည်လက်တွဲဖို့ဆိုရင် သူ့အကြိုက် ကိုယ့်အကြိုက်ကိုသိထားသင့်ပါတယ်။ ကိုယ့်ရဲ့အကျင့်စရိုက်လေးတွေကို သူဘာမကြိုက်တာရှိလဲဆိုတာ ကိုယ်တိုင်လဲလေ့လာသင့် သလို မေးကြည့်သင့်ပါတယ်။ ကိုယ့်ဘက်ကအမေးကို သူ့ကရေရေရာရာမတုန့်ပြန်ဘူးဆိုရင် သူက သင့်ကိုရေရှည်လက်တွဲဖို့စဉ်းစားထားတာ မဟုတ်နိုင်ဘူးလို့ ယူဆနိုင်ပါတယ်။

၅။ သူဟာ အသုံး အဖြုန်းကြမ်းသူလား ။

ကိုယ်ကရေရှည်လက်တွဲမယ့်သူလို့ သက်မှတ်ထားတော့ သူကတစ်ချိန်မှာ အိမ်ထောင့်တာဝန်ကို ထမ်းဆောင်ရမယ့်သူပါ။ ငွေအသုံးအဖြုန်းကြမ်းသူလားဆိုတာကိုမေးပြီး ချစ်သူဘဝကတည်းက အလေ့အကျင့်ဖြစ်အောင် လျော့ခိုင်းသင့်ပါတယ်။

၆။ ဘာသာတရား ကိုင်းရှိုင်းသူလား ။

သူက ဘာသာခြားဖြစ်နေမှ ဘာသာတရားနဲ့ပတ်သက်ပြီး ညှိနှိုင်းရမှာမဟုတ်ပါဘူး။ ကိုယ်နဲ့ ဘုရားသွားကျောင်းတက် အတူလိုက်ပေးနိုင်မယ့် သူမျိုးလားဆိုတာသိဖို့ မေးကြည့်ထား သင့်ပါတယ်။

ဆောင်းပါးရေးသားသူ –
B.Trix ( Love Shop )