Relationship

သင့်ချစ်သူ ကောင်လေးက ဒီအချက် (၆) ချက်နဲ့ ပြည့်စုံနေရင် သင်အရမ်းကံကောင်းပါတယ် …

မိန်းကလေးတိုင်းဟာ အချစ်ရေးမှာကံကောင်းချင်ကြပါတယ်။ ကိုယ့်အပေါ်ပျော်ရွှင်မှု၊ ဂရုစိုက် မှုပေးနိုင်ပြီး သစ္စာရှိတဲ့ယောကျာ်းမျိုးနဲ့ပဲဆုံဆည်းချင်ကြပါတယ်။ အောက်ပါအချက်လေးတွေနဲ့ ကိုက်ညီတဲ့ချစ်သူကောင်လေးမျိုးကို ရထားပြီးပြီဆိုရင် သင်ဟာပတ်ဝန်းကျင်မှာရော သူငယ်ချင်း အပေါင်းအသင်းကြားမှာပါ သင့်ကိုဝိုင်းပြီးအားကျရမယ့် ပျော်ရွှင်ဖွယ်အချစ်ရေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ၁။ ဦးစားပေးမှုမှာ သင်ကနံပါတ်တစ်ပဲ အလုပ်နဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းကြားမှာဖြစ်စေ သင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးရှိလာခဲ့ရင် သင့်ကိုပဲပထမဦးစားပေးရွေးချယ်မယ့်သူမျိုးပါ။ သင်ရဲ့ ပျော်ရွှင်မှု၊ ကျန်းမာရေးကိုလည်း သူကအမြဲစောင့်ရှောက်တတ်တဲ့သူမျိုးပါ။ ၂။ ရင်ဖွင့်စကားတွေနားထောင်ပေးပြီး အမြဲအားပေးသူမျိုး သင်ကရင်ဖွင့်စရာတောင်မလိုပါဘူး။ သင့်မျက်နှာမှာအလိုမကျတာတွေ့ရင် သူက ဘာဖြစ်နေလဲဆိုတာကိုသိနှင့်ပြီး သင့်မကျေနပ်ချက်တွေကိုမေးမယ့်သူမျိုးပါ။ […]

Relationship

ဒီအချက်လေးတွေနဲ့ တိုက်ဆိုင်နေရင်တော့ သင်တို့ စုံတွဲ မြဲပြီဆိုတာ သေချာပါတယ်

သင်ဟာ အချစ်ဆိုတာကို ယုံကြည်တဲ့သူ၊ ရူးရူးမူးမူး ချစ်တတ်သူဆိုပေမယ့် သင့်ရဲ့ချစ်သူဟာ သင့်အတွက် သင့်တော်တဲ့သူ၊ မှန်ကန်တဲ့သူလားဆိုတာ သိဖို့တော့ ခက်ခဲပါတယ်။ ဒီလိုသိဖို့ အချိန်ဘယ်လောက်ယူရမှာလဲ တစ်နှစ်လား၊ ဆယ်နှစ်လား၊ တစ်သက်လုံးများလား။ ဒီတော့ ခုသင်တွဲနေတဲ့သူက သင့်အတွက် တကယ်သင့်တော်တဲ့သူ ဖြစ်မဖြစ်ဆိုတာကို ခုဖော်ပြပေးမယ့် အချက်ကလေးတွေကြည့်ရင်း သင်စဉ်းစားဆုံးဖြတ်နိုင်ပါပြီ။ ၁။ တစ်ခြားသူတွေကို မပြောတဲ့ အကြောင်းအရာတွေ သူ့ကို ပြောဖြစ်တယ်။ ဒါဟာ သူ့ကို ယုံကြည်လို့ပါပဲ။ ဘဝအကြောင်း၊ မိသားစုအကြောင်း […]

Relationship

ချစ်သူကို တုန်နေအောင် ချစ်တတ်တဲ့ ကောင်လေးတစ်ယောက်ဆီမှာ ဒီ အပြုအမူ (၇) ချက်ရှိ

ဟန်ဆောင်မှုတွေများလွန်းတဲ့ ဒီကမ္ဘာကြီးမှာ သင့်ချစ်သူ၊ လက်တွဲဖော်က သင့်ကို တကယ်မေတ္တာရှိမရှိဆိုတာကလည်း သိနိုင်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါ။ ဒါပေမယ့် အဖြစ်မှန်အခြေအနေကို သိနိုင်တဲ့ သဲလွန်စတချို့တော့ရှိပါတယ်။ ၁။ သင့်မျက်လုံးကို ငေးစိုက်ကြည့်နေခြင်း ။ သူတို့ကောင်မလေးတွေကို တကယ်ဂရုစိုက်တဲ့ ကောင်လေးတွေဟာ မျက်လုံးကို အမြဲစူးစိုက်ကြည့်နေတတ်ပါတယ်။ ဒါဟာ သင်ဘယ်လို စိတ်ခံစားမှုမျိုးဖြစ်နေလဲ သိချင်လို့ ဖြစ်ပါတယ်။ မျက်လုံးဆိုတာ လူ့အတွင်းစိတ်ကို လှမ်းမျှော်ကြည့်နိုင်တဲ့ ပြတင်းပေါက်ဖြစ်ပါတယ်။ ၂။ ခွင့်လွှတ်ဖို့ ဝန်မလေးခြင်း ။ ကောင်မလေးကို […]

Relationship

ချစ်သူရှိတဲ့သူတိုင်း သိထားရမယ့် နားလည်မှု (၅) မျိုး …

တကယ်တော့ သမီးရည်းစားဆက်ဆံရေးကနေ အိမ်ထောင်ရေးအထိ တစ်ဦးနဲ့တစ်ဦး အပေးအယူညီညီလေးနဲ့ နားလည်မှုရှိဖို့ဟာ တကယ်ကို အရေးပါလွန်းပါတယ်။ ဒါ့အပြင် အိမ်ထောင်မြဲဖို့ နဲ့ အချစ်ရေး မှာ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ သိထားရမယ့် အချက် (၅) ချက်ကတော့ ၁။ တစ်ဖက်လူပြောတာကို သေချာ နားထောင်ပေးပါ။ ပြီးပြီးရော မဟုတ်ပဲ၊ ပြီးတော့ ပြောနေချိန် စကားဖြတ်မပြောပဲ တစ်ဖက်လူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်တတ်ပါစေ။ သူအားလုံးပြောပြီးသွားတဲ့အခါမှသာ သင့်ရဲ့ထင်မြင်ချက်၊ အကြံပေးတာ၊ အယူအဆ […]

Relationship

ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ချစ်သူအပေါ် လုံးဝ မလုပ်သင့်တဲ့ အမှား (၁၁) ခု

တကယ်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေကြားမှာ မမျှော်လင့်ဘဲ လမ်းခွဲဖို့ထိ ဖြစ်သွားစေတဲ့ အမှားတွေ လုပ်မိတတ်ကြပါတယ်။ ဒါကြောင့် ဒီအမှားတွေကို မလုပ်မိအောင် သတိထားသင့်ပါတယ်နော်။ ၁။ စိတ်ကောက်လွန်ခြင်း။ စိတ်ကောက်တာဟာ ချစ်သူဘဝရဲ့ပျော်ရွှင်စရာ Game လေးပါ။ဒါပေမယ့် Game Over မဖြစ်သွားဖို့တော့ လိုတယ်။ချော့တက်တယ့်သူတွေအတွက် ပြဿနာ မရှိပေမယ့် မချော့တက်တဲ့ သူတွေအတွက် အဆိုးဆုံး ပြဿနာပါ။ စိတ်ကောက်ပါ။ဒါပေမယ့် ချော့ရင်စိတ်ပြေပေးပါ။ တန်ဆေးလွန်ဘေးတဲ့။မိုးရွာလို့ ပန်းတွေလန်းဆန်း ပေမယ့် မိုးများရင် ပန်းခင်းပျက်သွားတက်တယ်။ ၂။ […]

Relationship

ချစ်သက်တမ်း ရှည်စေမယ့် နည်းလမ်းကောင်း (၇) ချက် …

ကိုယ်တကယ် ချစ်ရသူနဲ့ ရေရှည်လက်တွဲသွားဖို့ စဉ်းစားထားပြီဆိုရင် သူနဲ့ချစ်သက်တမ်းက ၆လဖြစ်ဖြစ် ၊ ၆နှစ်ဖြစ်ဖြစ် နှစ်ဦးကြားမှာ ပျင်းရိသွားတာမျိုး မဖြစ်သင့်ပါဘူး။ အချစ်တွေက အရင်လို ချစ်ခါစ၊ ကြိုက်ခါစအချိန်တွေကလို လတ်ဆတ်နေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။ ၁။ မနေ့တနေ့ကမှ ချစ်သူဖြစ်သလို တစ်ဦးနဲ့တစ်ဦးဆက်ဆံပါ။ သူနဲ့ကိုယ်တွဲခဲ့တဲ့အချိန်က ဘယ်လောက်ကြာကြာ မနေ့တနေ့ကမှ ချစ်သူရည်းစားဖြစ်သလို နေထိုင်ပြောဆိုပါ။ ကိုယ့်ချစ်သူကို ဂရုစိုက်တာ၊ သဲသဲလှုပ်တာဟာ အပြစ်မဟုတ်ပါဘူး။ နှစ်ဦးသားပိုမိုအဆင်ပြေစေမယ့်အရာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်းစားဖြစ်ခါစ […]

Relationship

ကိုယ့်ချစ်သူ ကောင်မလေးကို လုံးဝ မပြောသင့်တဲ့ စကား (၉) ခွန်း …

တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေဖြစ်လာပြီဆိုရင် နားလည်မှုနဲ့ ရှေ့ဆက်ကြရပါတယ်။ ချစ်သူနှစ်ယောက်ကြားမှာ အကြင်နာတွေ မေတ္တာတွေ ထားပြီး စကားပြောဆိုမှသာ ချစ်သူဘဝက ကြည်နူးစရာကောင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ယောက်ကြားမှာ ဘယ်လိုစကားလေးတွေ ပြောဆိုသင့်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ၁။ မင်းသဘောအတိုင်းပဲလေ… မင်းကြိုက်တာလုပ်ပါ…။ အခုလို စကားကို ပြီးပြီးရောပြောမယ့်အစား(အချစ်ရေ ကိုယ်တို့နှစ်ယောက် ဒီကိစ္စကို အတူတိုင်ပင်ပြီး လုပ်ကြရအောင်…) လို့ ပြောသင့်ပါတယ်။ ၂။ မင်းနဲ့ စကားဆက် မပြောချင်တော့ဘူး။ စိတ်ဆိုးနေတဲ့ အချိန်မှာတောင် […]