မိန်းကလေးတွေ သူတို့ ချစ်သူကောင်လေးကို လိမ်ပြောလေ့ရှိတဲ့ စကား (၉) ခွန်း

မိန်းကလေးတွေကသူတို့ရဲ့ခံစားချက်ကိုဖုံးကွယ်တတ်ကြသူတွေဖြစ်ပါတယ်။ ဒီစကားတွေကတော့ မိန်းကလေးတစ်ယောက်ကသူ့ချစ်သူကို လိမ်ညာတတ်တဲ့စကားတွေထဲက အပြောအများဆုံးတွေပါတဲ့နော်။

၁။ နင်မမှားပါဘူး။

သင်တခုခုမှားယွင်းနေခဲ့တယ် ဆိုရင်တောင် သူမအနေနဲ့ အဲ့အမှားကို ပြန်မပြောပြတတ်ပါဘူး။ ဒီစကားဟာ မိန်းကလေးတွေ သူ့ချစ်သူကို ညာလေ့ရှိတဲ့စကားတွေထဲက တခုပါ။ သူမမှာမကောင်းတဲ့ စိတ်ခံစားချက်တွေရှိနေ ရင်တောင်မှ အဲ့ဒီစိတ်ကို ရှောင်ဖယ်ပြီး သင့်ကိုပြောပြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သင်တို့နှစ်ဦးကြားစိတ်ဆိုး တဲ့အခါမျိုးတွေမှာပေါ့

၂။ ဟုတ်ပါတယ်၊ မင်းဘက်ကမှန်တာပါ။

ဒီစကားကတော့ နှစ်ဦးသားပဋိပက္ခဖြစ်တဲ့အချိန်မျိုးမှာ ပြသနာဖြစ်မယ့်အခြေအနေကိုရှောင်ဖို့အတွက် မိန်းကလေးတော်တော်များများ ပြောတတ်ကြတာပါ။ သူ့ချစ်သူရဲ့အမှားကိုပြန်ပြင်ပြီးအပြုသဘောဆန်တဲ့ စကားကိုပြောရမယ့်အစား အဲ့လိုလိမ်ညာပြောပြီးရှောင် ထွက်တတ်ကြပါတယ်။

၃။ နှစ်ယောက်အတူ ရင်ဆိုင်ရမယ့် အနာဂတ်ကို ရင်ခုန်နေတယ်။

တခါတရံမှာ ကိုယ့်ချစ်သူနဲ့အဆင်ပြေစေပြီး ချစ်သူကို စိတ်ချမ်းသာအောင်လို့ မိန်းကလေးတွေ သူ့ချစ်သူကိုပြော လေ့ရှိတာကတော့ သင်တို့နှစ်ဦးရဲ့အနာဂတ်ကို စိတ်လှုပ် ရှားနေတယ်ဆိုတဲ့အကြောင်းပါ။ တကယ်အမှန် မှာ သူမအနေနဲ့ဒီအကြောင်းအရာကို မတွေးတောထား ပေမယ့်လည်း အဲ့လိုစကားပြောပြီး သင့်ကိုနှစ်သိမ့်တတ် ပါတယ်တဲ့နော်။

၄။ မင်းရဲ့အရင်ရည်းစားတွေအကြောင်း သူမတွေးမိဘူး ။

အမှန်တကယ်ကတော့ သူမတွေးနေပါတယ်။ သင့်ရဲ့ex နဲ့ပတ်သတ်တဲ့အတွေးက သူမရဲ့စိတ်မှာ အရင်ကရော အခုရောရှိနေပါတယ်။ ဒါပေမယ့်အရမ်းဆိုးဆိုးဝါးဝါးကြီး တော့ မဟုတ်ပါဘူး။ သင့်ရဲ့exတွေက သင့်ကိုပြုမူခဲ့တာ မျိုးကို သူမအနေနဲ့ လုပ်မိနေလားဆိုတာမျိုးကို တွေးနေ တတ်တာပါ။ အဲ့ဒီမိန်းကလေးတွေထက် သူမအပေါ်ကို သင်ကစိတ်ဝင်စားတာမျိုးကို ဖြစ်ချင်ကြပါတယ်။

၅။ ရှင် အရမ်းကြည့်ကောင်းနေတယ်။

သူမက မင်းကို ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေဖို့နဲ့ မင်းကအဲ့လိုမဖြစ်ခဲ့ဘူးဆိုရင်တောင်မှ ဒီလိုပြောလိုက် ခြင်းအားဖြင့် မင်းရဲ့စိတ်ကို ခွန်အားပေးချင်တဲ့စိတ်နဲ့ ပြောပေးတတ်တာပါ။ သူမဒီလိုပြောတာကလည်း မင်းကို ကောင်းစေချင်တဲ့စိတ်နဲ့ ပြောတာပါနော်။

၆။ ဘာမှမဖြစ်ဘူး အဆင်ပြေတယ်။

တခါတလေ သူမနားလည်မပေးနိုင်တာတွေကိုလည်း အဆင်ပြေတယ်ဆိုပြီးပြောတတ်ပါတယ်။ သင့်ရဲ့ပြသနာတချို့ကို သူမကို မပြောတာ အကောင်းဆုံးပါပဲ ။ ဘာကြောင့်လဲဆိုတော့ သူမသာသိ သွားခဲ့ရင် သင့်ထက်ပိုပြီးခံစားရပေမယ့် ဟန်ဆောင်နေ ပေးမှာမို့လို့ပါပဲ။

၇။ ငါ့မှာ နင့်အပြင် အခြားသဘောကျသူ မရှိဖူးဘူး ။

ပုံမှန်ကတော့ မိန်းကလေးတစ်ယောက်က သူ့ချစ်သူအပြင် အခြားသူကြိတ်သဘောကျရတဲ့ crush တွေလည်းရှိတတ်ပါတယ်။ ဒါပေမယ့် သူမဟာအဲ့လူတွေကိုပတ်သတ်ဖို့ထိ ကြိုးစားမယ်ဆိုရင် တော့ မှားတာပေါ့။ တခါတလေမှာသူမဟာ အလုပ်ကအခြားယောကျာ်းလေးတွေကို ကြည့်ကောင်းတယ်လို့တွေးရင်တွေးနေမိမယ်။ ဒါပေမယ့် သူမအနေနဲ့ဒီအကြောင်းအရာကို ဘယ်တော့မှဝန်ခံမှာ မဟုတ်ပါဘူး။

၈။ နောက် ၅ မိနစ်နေရင် အဆင်သင့်ဖြစ်ပြီ ။

မိန်းကလေးတွေက အချိန်ဆွဲတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး သူတို့ရဲ့ချစ်သူကို ဒုက္ခပေးတတ်ကြပါတယ်။ မိန်းကလေး တစ်ယောက်ရဲ့ ၅မိနစ်က ယောကျာ်းလေးတွေအတွက် တော့ စောင့်နေပေတော့ဆိုတဲ့သဘောပါ။

၉။ discount တွေအများကြီးရှိလို့ ဝယ်တာ။

မိန်းကလေးတွေဟာ အရောင်းပြပွဲတွေနဲ့ discount ချ ချိန်လိုမျိုးတွေမှာ ဈေးဝယ်တာကို ကြိုက်နှစ်သက်ကြ ပါတယ်။ ဒီနည်းလမ်းက သူမအနေနဲ့ သူ့မချစ်သူကို အ ကြောင်းပြချက်မပေးနိုင်တဲ့ ဝယ်ယူတာတွေကို မှန်ကန် ကြောင်းပြတတ်တဲ့နည်းလမ်းပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုမှမဟုတ်ရင် သင်ကသူ့ကိုဒီလိုတွေဝယ်ဖို့ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာသိနေလို့ပါပဲ။

ဆောင်းပါးရေးသားသူ –
Eitz Aung ( Love Shop )