ခဏခဏ ရန်ဖြစ်တတ်တဲ့ ချစ်သူစုံတွဲတိုင်းအတွက် အကောင်းဆုံး အကြံပြုချက် (၅) ခု

အရမ်းကောင်းတဲ့ အကြံပြုချက်လေးတွေမို့ Love Shop ကနေ ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင် သင်တို့ ချစ်သူနှစ်ဦးအတွက် အကျိုးရှိမယ်ဆိုတာ ယုံကြည်ပါတယ်။

၁။ တစ်ချိန်တည်းမှာ နှစ်ယောက်လုံး ပြိုင်တူ ဒေါသမထွက်ပါနဲ့။

ဒါအရေးကြီးတယ်နော် ။ ဒေါသဆိုတာ ထိန်းရခက်ပါတယ်။ တစ်ယောက် ဒေါသ ထွက်နေရင် ကျန်တစ်ယောက်က ပြန်ထိန်းပေးရပါမယ်။ သူဒေါသထွက်နေလို့ ကိုယ်လဲ သူ့ပုံစံအတိုင်း ပြန်လည်တုံ့ပြန်လိုက်မယ် ဆိုရင်တော့ဖြင့် အခြေအနေတွေ ပိုဆိုးရုံပဲ ရှိမှာပါ။ သူဒေါသထွက်နေချိန်မှာ သေချာနားလည်အောင် ရှင်းပြပေးလိုက်ပါ။

၂။ မအော်ငေါက်မိပါစေနဲ့။

အရေးပေါ် အကြောင်းအရာ တစ်ခုခု မရှိဘဲ ကိုယ့်ချစ်သူကို လုံးဝ မအော်သင့်ပါဘူး။ တချို့က အော်ငေါက်တတ်တဲ့ အကျင့်ရှိပါတယ်။ တဖြည်းဖြည်းနဲ့ ဒီအကျင့်ဆိုးကြီးကို ပြင်ဆင်သွားသင့်ပါတယ်။ ကိုယ့်ချစ်သူမှာ အော်ငေါက်တတ်တဲ့ အကျင့်ရှိတယ်ဆိုရင်လည်း နောက်တစ်ခါ မအော်ဖို့ သေချာ သတိပေးထားသင့်ပါတယ်။

၃။ အလျှော့ပေးပါ။

ချစ်သူတွေဆိုတာ ခဏခဏ သဘောထားမတိုက်ဆိုင် ဖြစ်တတ်ပါတယ်။ အလျှော့ပေးပါ ဆိုတဲ့ စကားကလဲ ပြောတော့သာ လွယ်တာ တကယ် ပြသနာ တက်ပြီဆိုရင် အပြိုင်အဆိုင် ငြင်းခုံကြတာ သဘာဝပါ။ ဒါပေမယ့် အရေးမကြီးတဲ့ အရာတစ်ခုအတွက်ဆို အလျှော့ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သူက သင်ချစ်ရတဲ့ ချစ်သူဖြစ်နေလို့ပါ။

၄။ ဝန်ခံပါ။

အမှားတစ်ခု လုပ်မိထားတာကို ဝန်မခံချင်ဘူးဆိုရင် အဆင်မပြေနိုင်ပါဘူး။ အဲဒိ အမှားက ချစ်သူနှစ်ဦးကြားမှာ အစိုင်အခဲတွေဖြစ်လာပြီး ရေရှည်အတွက် မကောင်းနိုင်ပါဘူး။ ဝန်ခံလိုက်ပါ။ ဝန်ခံလိုက်ရင် သင့်စိတ်ထဲမှာ ပေါ့သွားပါလိမ့်မယ်။ ပြီးသွားရင် လုပ်ခဲမိတဲ့ အမှားတစ်ခုအတွက် သင့်ချစ်သူကို တောင်းပန်ပါ။ ခွင့်လွှင့်ပေးဖို့ တောင်းဆိုပါ။

၅။ အတိတ်က အမှားတွေကို မေ့ပစ်ပါ။

တစ်ခုခုဖြစ်တိုင်း အရင်က အမှားတွေကို ထောက်ပြနေရင် အလုပ်မဖြစ်တော့ပါဘူး။ အမှားကင်းတဲ့ လူဆိုတာ မရှိတဲ့အတွက် သင့်ချစ်သူကလဲ အကုန်ပြည့်စုံနေမှာ မဟုတ်ပါဘူး။ အတိတ်ဆိုတာ ပြင်ဆင်လို့ မရတော့ပါဘူး။ အတိတ်ကို အရမ်းဖက်တွယ်နေတတ်တဲ့ အကျင့်ကို ပြင်ဆင်ပါ။

ဆောင်းပါးရေးသားသူ –
နင် ဂျာ ( Love Shop )