သင့်ကို အချစ်စစ်နဲ့ ချစ်တဲ့ ကောင်လေးတစ်ယောက် ဆီမှာ ဒီအမူအကျင့် (၅) ခု ရှိပါတယ်

မိန်းကလေးတိုင်းက ကိုယ့်ဖူးစာရှင်ကို ပုံဖော် စိတ်ကူးထားခဲ့ကြဖူးမှာပါပဲ။ အခုတခါတော့ မိန်းကလေးတစ်ယောက်အတွက် စစ်မှန်တဲ့ ချစ်သူယောကျာ်းလေးဆိုတာ ဘယ်လိုလူလဲဆိုတာကို လေ့လာပြီး ဖော်ပြပေးလိုက်ပါတယ်။

၁။ အချိန်မှန် ဖုန်းဆက်တတ်သူ ။

သူ့ရဲ့ အလုပ်ချိန်ကလွဲရင် ကျန်အချိန်တိုင်းမှာ မင်းကိုဖုန်းဆက်တတ်သူပေါ့။ အမြဲ မင်းအသံကို ကြားချင်နေပြီး အဲ့လိုကြားဖို့ ကြိုးစားနေတတ်သူလည်း ဖြစ်ပါတယ်။ မင်းအနားမှာ အတူတူရှိမနေရင်တောင်မှ သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကို မင်းနဲ့ဆက်သွယ်ရင်း ကုန်ဆုံးတတ်သူလည်း ဖြစ်ပါတယ်။

၂။ အမြဲ sms ပို့တတ်သူ။

မနက်တိုင်း ဒါမှမဟုတ် ညအိပ်ရာဝင်တိုင်း sms ပို့တတ်တဲ့ ချစ်သူကိုပိုင်ဆိုင်ထားပြီလား။ တကယ်တော့ မင်းတို့ကြားက သံယောဇဉ်ကို ပိုပြီးခိုင်မြဲစေဖို့ ဒီလိုအသေးအဖွဲလေးတွေကလည်းအရေးကြီးပါတယ်။ မအားလပ်လို့ ဖုန်းမပြောနိင်ဘူး ဆိုရင်တောင် ချစ်သူကို sms ပို့ပေးဖို့တော့ မမေ့နဲ့နော်။

၃။ သင့်ကို အမြဲတွေ့ချင်သူ ။

သူ့ရဲ့ ကိုယ်ပိုင်အချိန်တွေကို မင်းနဲ့အတူမျှဝေတတ်သူပါ။ အလုပ်တွေ မအားတဲ့အချိန်ကလွဲရင် မင်းနဲ့တွေ့ရဖို့ကို အမြဲကြိုးစားနေတတ်တဲ့သူပေါ့။

၄။ မင်းကို အမြဲကာကွယ်ပေးတတ်သူ။

ပြသနာတွေ ဖြစ်လာတိုင်း မင်းရှေ့က မားမားမတ်မတ် ရပ်တည်ပေးသူဖြစ်ပါတယ်။ အမြဲမင်းကိုအားပေးရင်း မင်းဘဝကို တိုးတက်စေသူလည်း ဖြစ်ပါတယ်။ အတားအဆီးတွေ ကြုံလာတိုင်းလည်း အားလုံးရှေ့ကနေ မင်းကို ကာကွယ်ပေးတတ်တဲ့ ယောကျ်ားလေးပါ။

၅။ အမြဲ ဂရုစိုက်တတ်သူ။

မင်းဘာလိုအပ်လဲ၊ ဘာဖြစ်ချင်လဲဆိုတာကို မင်းပြောစရာမလိုအောင် သိတတ်သူပါ။ မင်းရဲ့ဝမ်းနည်းမှုတွေကို မျှဝေခံစားပြီး ပျော်ရွှင်မှုတွေကို ယူဆောင်ပေးတတ်တဲ့ချစ်သူဖြစ်ပါတယ်။ စိတ်ချင်းဆက်နေသလားထင်ရအောင် မင်းရဲ့မျက်နှာကိုကြည့်ပြီး အလိုက်တသိ ဂရုစိုက်ပေးတဲ့သူပေါ့။

မင်းရော ဒီလိုချစ်သူကို ပိုင်ဆိုင်နေရပြီလား။ ဒါဆိုရင်တော့ လက်လွှတ်မခံပါနဲ့နော်။

ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ။

ဆောင်းပါးရေးသားသူ –
Eitz Aung ( Love Shop )