တစ်ဘဝစာ ရည်ရွယ်ပြီး ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ကြားမှာ ဒီအပြုအမူ (၈) ခု ရှိပါတယ်

သင်တို့ ချစ်သူနှစ်ယောက်ကြားမှာ ဒီအပြုအမူလေးတွေ ရှိနေရင်တော့ ၊ အနာဂတ်မှာ နှစ်ယောက်အတူ လက်တွဲသွားရတော့မယ်ဆိုတာ သေချာနေပါပြီ။

၁။ သင်နဲ့ အတူရှိနေရတာကို ပျော်တယ် ။

သူက အလုပ်များတက်တဲ့လူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ၊ ဒါပေမယ့် သင်နဲ့ အတူရှိခွင့်ရဖို့က သူ့အတွက် အရေးကြီးဆုံးလို့ ခံယူထားပြီး ၊ ဒီအတွက် အချိန်ရအောင်လည်း ဖန်တီးပါလိမ့်မယ် ။

၂။ နားလည်မှုပေးမယ် ။

သင့်အနေနဲ့ ရံဖန်ရံခါ သူ့ရဲ့ ဖုန်းကို မကိုင်မိတာ ၊ စာမပြန်မိတာတွေကို သူက သံသယမဝင်ပဲ အလိုက်သိတက်တယ် ဆိုရင်တော့ သူက သင့်အတွက် အကောင်းဆုံးပါပဲ ။

၃။ သင့်ကိုယ်သင် ယုံကြည်မှုရှိလာအောင် ကူညီပေးတယ် ။

အချစ်စစ်ဟာ ဘယ်တော့မှ သင့်ကို လဲကျအောင် ထိုးနှက်မှာ မဟုတ်ပါဘူး ။ သူက သင့်ကို ချစ်တဲ့အတွက် သင့်ကိုယ်သင် ယုံကြည်မှုရှိအောင် အမြဲအားပေးပါလိမ့်မယ်

၄။ သင်ဖျားနာနေချိန်မှာ သင့်ကို ဂရုစိုက်မယ် ။

သင့်အနေနဲ့ သင်ဖျားနာနေချိန်မှာ သူက ဂရုမစိုက်ဘူးဆိုရင် သင့်ကို သူမချစ်လို့ပါပဲ ။ သင့်အနားမှာ တစ်နေ့လုံး ရှိနေမယ် ၊ ဆေးသောက်ဖို့ သတိပေးမယ် ၊ စွပ်ပြုတ်ပူပူလေးတစ်ခွက် လုပ်ပေးမယ် ။

၅။ အချစ်ကို ပြသတယ် ။

သင့်ကို သူက တကယ်ချစ်တယ်ဆိုရင်တော့ သင့်လက်ကို ဆုပ်ကိုင်ဖို့ ဘယ်တော့မှ မတွန့်ဆုပ်သလို၊ အနမ်းပေးဖို့လည်း အမြဲတမ်း အသင့်ပါ။

၆။ သူ့ မိသားစု သူငယ်ချင်းတွေရှေ.မှာ သင့်ကို မတိုက်ခိုက်ဘူး ။

သင်တို့ နှစ်ယောက်တည်း ရှိနေချိန်မှာသာ ဂရုစိုက်တာမဟုတ် ၊ သူငယ်ချင်းနဲ့ မိသားစုဝင်တွေ ရှေ.မှာလည်း သင့်ရှေ့က မားမားမတ်မတ် ရပ်တည်တယ်ဆိုရင်တော့ သင့်ကို ချစ်လွန်းလို့ပါ ။

၇။ သင့်ဘဝနဲ့ ပတ်သတ်လို့ သူစိတ်ဝင်စားတယ် ။

သင့်ဘဝမှာ အခက်အခဲတွေ တွေ့ကြုံရရင် သူက ဖြေရှင်းပေးနိုင်ဖို့ စိတ်ဝင်စားတယ် ။ ဘာတွေပဲဖြစ်လာလာ သင့်ဘေးမှာ ရပ်တည်သွားဖို့ အသင့်ရှိနေတယ်။

၈။ သင်ပြောတာကို နားထောင်ပေးတယ် ။

သင့်ချစ်သူက သင်ပြောဆိုတာကို အမြဲလိုလို အလေးအနက်ထား နားထောင်ပေးတက်တယ်။ ဘာလို့လည်းဆိုတော့ သင့်ကို သူက ဂရုတစိုက်ရှိလို့ပါပဲ။

ကဲ ဒီလို ချစ်သူမျိုးကို ပိုင်ဆိုင်ထားရပြီလား ?