မိန်းကလေးတွေ သူတို့ချစ်သူကို စိတ်ခဏခဏ ကောက်တာ ဒီ (၈) ချက်ကြောင့်ပါ

မိန်းကလေးတွေက အကြောင်းမဲ့သက်သက် စိတ်ဆိုးတာ မဟုတ်ဘူးနော် ၊ ဒါတွေကြောင့်မို့စိတ်ဆိုးတာ ။

ရည်းစားတွေစိတ်ဆိုး ၊ စိတ်ကောက်ကြတယ်ဆိုတာ သဘာဝပါပဲ။ စိတ်ကောက်ဖို့က မိန်းကလေးတာဝန် ၊ ချော့ရမှာက ကောင်လေးတွေတာဝန်ပဲ ဟုတ်တယ်ဟုတ်?

ဒါပေမယ့် ကောင်မလေး စိတ်ဆိုးနေချိန်မှာတော့ မချော့တဲ့အပြင် `စိတ်ပဲကောက်နေတယ် ၊ အလကားနေရစ်တယ် ၊ ပြဿနာရှာတယ်´ လို့ သွားပြောရင်တော့ လောင်နေတဲ့မီးကို လောင်စာပိုထည့်ပေးလိုက်သလိုပဲ ပိုအခြေအနေဆိုးသွားမယ်နော် ။

တကယ်တော့ မိန်းကလေးတွေ စိတ်ကောက်တယ်ဆိုတာ အကြောင်းပြချက်ရှိပါတယ်။အထူးသဖြင့် ဘယ်လို အကြောင်းရင်းတွေကြောင့် စိတ်ဆိုးစိတ်ကောက်ရလဲဆိုတော့

၁။ Exအကြောင်းရှာတွေ့လို့ ။

မိန်းကလေးတွေက ဘာလောက်ပဲ ကိုယ့်ရည်းစားနောက်ကြောင်းကို ဂရုမစိုက်ဘူး ပြောပြော အနည်းဆုံးတော့ ကောင်လေးရဲ့Facebook အကောင့်ကိုဝင် ၊ ဟိုးအောက်ဆုံး အရင်က ပို့စ်တွေထိလိုက်ကြည့်တာတို့ လုပ်တတ်ပါတယ်။ အဲ့မှာ ကိုယ်ကောင်လေးက အရင်ရည်းစားနဲ့တင်ထားတဲ့ ပို့စ်တွေတွေ့ရင် အနည်းငယ်တော့ စိတ်ထဲ ကသိကအောက်ဖြစ်တတ်ပါတယ်။

၂။ကောင်လေးဆီက ကိုယ်လိုချင်တဲ့ အဖြေမရတဲ့အခါ ။

ကိုယ့်ကောင်မလေးက ကိုကိုရေ .. ချစ်ဝလာသလိုပဲနော်´ လို့ပြောတဲ့အခါ တကယ်ဖြေရမှာက မဝပါဘူးချစ်ရယ် လှပါတယ်´ လို့ဖြေပေးရမှာပါ။ ဒါကို ချစ်ဘယ်လိုပုံပြောင်းပြောင်း ချစ်ပြီးသား ၊ ဖက်တီးမကြီးဖြစ်နေလည်း ချစ်တယ်´ လို့သာသွားပြောရင် သူဝလာတယ်လို့ပြောတဲ့ဟာကိုဟုတ်တယ်၊ ဝလာတယ်´လို့ ပြောလိုက်သလိုပါပဲ။ အဲလိုခါမှာလည်း စိတ်ဆိုးတတ်ပါတယ်။

၃။ Reply တိုတဲ့အခါ ။

ကောင်မလေးကတော့ စာတွေအရှည်ကြီး ပို့ထားတာကို ကိုယ်ကပြန်ပို့တာကတော့အင်း ´ ဟုတ်တယ်´ ကိုယ်လည်းတူတူပါပဲ´ အဲလို စာတိုတိုပြန်ရင် အရမ်းစိတ်တိုကြပါတယ် ။ တချို့ဆို စတစ်ကာနဲ့ replyတာတို့ ၊ emoji ပဲပို့တဲ့ သူတောင်ရှိသေး။ ဂါး….အာမျိုးဆို တအားပေါက်တာ ။ စာရှည်ရှည်ပို့ထားရင် စာရှည်ရှည်ပဲပို့ပါ။ စာတိုတိုပို့ရင်တောင် စာရှည်ရှည်ပဲပြန်ပို့ပါ။

၄။သူမရဲ့အိပ်မက်ထဲမှာသင်ဖောက်ပြန်နေလို့ ။

သြော် .. ဒင်းက အိမ်မက်ထဲမှာပါ ဖောက်ပြန်နေတာ .. ငါတစ်ယောက်လုံးရှိနေတာတောင် နောက်မီးလင်းနိုင်သေးတယ်ပေါ့လေ ဆိုပြီး အိပ်ရာကနိုးနိုးချင်း ဖုန်းလှမ်းခေါ်ပြီး ရစ်တတ်ပါတယ်။

၅။သူမရဲ့အပြောင်းအလဲကို သတိမထားမိလို့ ။

ကိုယ့်ကောင်လေးက ဆံပင်ညှပ်ထားတာ ၊ ဆံပင်အရောင်ပြောင်းထားတာကို သတိမထားမိရင် တအားစိတ်ဆိုးပါတယ်။ ကိုကို ချစ် ဒီနေ့ဘာပြောင်းလဲနေလဲ လို့မေးလိုက်ရင် ခေါင်းအစခြေအဆုံးသာကြည့်ပေတော့ ။မဟုတ်ရင်တော့ ကောက်ပြီမှတ် ။ ဟင်းဟင်း..

၆။သူမဘက်မပါလို့ ။

သူငယ်ချင်းနဲ့ရန်ဖြစ်ထားတဲ့အကြောင်း လာရင်ဖွင့်တဲ့အခါ သူမမှန်တယ်ပဲထောက်ခံပါ။ မိန်းကလေးလေး အချင်းချင်းက ပြီးသွားရင်ပြန်တည့်နေကြပါ။ ဒါကို ကိုယ်ကအလိုက်မသိဘဲ သူငယ်ချင်းဘက်သာပါပေးလိုက်လို့ကတော့ ထွက်နေတဲ့ဒေါသအပုံလိုက်က သင့်အပေါ်ရောက်ကုန်မှာပါ။

၇။ သူမစကားနားထောင်လို့ ။

စကားနားထောင်လို့ဆိုလို့ အထူူးအဆန်း မထင်ပါနဲ့။ တစ်ခါတစ်လေ ရှိတတ်တာက ကောင်မလေးက ကိုကို ဒီည သူငယ်ချင်းတွေနဲ့ အပြင်သွားချင်ရင် သွားလေ လို့ပြောတာကို အင်း ဒါဆို ကိုကိုလိုက်သွားမယ်နော် ဆိုပြီး နည်းနည်းလေးတောင် မငြင်းပဲ ကောက်ကောက်ပါအောင် လိုက်သွားလို့ကတော့ ဒင်းက ဘယ်ချိန်ထဲက ရွချင်နေလဲ မသိဘူး ဆိုပြီး စိတ်ကောက်တတ်ပါတယ်။

၈။ရာသီလာနေချိန်မို့ ။

ကောင်မလေးတွေ ရာသီလာတဲ့အချိန်ဆို အလိုလိုနေရင်း စိတ်မကြည် စိတ်ကောက်တတ်ပါတယ်။ ကိုယ့်ကောင်မလေးက အကြောင်းပြချက်မရှိဘဲ ရစ်နေတယ်ဆိုရင် ရာသီလာနေလို့ပါ။ ဒီလိုအချိန်မှာ ကိုယ်ကသဘောထားကြီးပြီး အရစ်ခံလိုက်ပါ။

ဟုတ်ကဲ့..ကျွန်မတို့မိန်းမသားတွေ စိတ်ဆိုးတာဒါကြောင့်ပါ။