ချစ်သူနဲ့ ရန်ဖြစ်နေချိန်မှာ ကောင်လေးတွေ ပြောသင့်တဲ့ စကား (၈) ခွန်း

အငြင်းပွားနေကျပုံစံတွေကို ပြောင်းလဲပစ်လိုက်ပါ။ ချစ်သူနှစ်ဦး ပြသနာတွေ တက်တဲ့အခါတိုင်း၊ အငြင်းပွားရတဲ့ အခါတိုင်း ဒီနည်းလေးတွေအတိုင်း ပြောကြည့်ပါ။ ဒါ နှစ်ဦးနှစ်ဖက် အနိုင်ရစေမယ့် နည်းတွေပေါ့။

၁။ ကိုယ်ပြောချင်တာလေးကို သဘောပေါက်အောင် ကြိုးစားပေးပါ။

ကိုယ်ပြောချင်တာကို ဂရုတစိုက် နားထောင်စေချင်လို့ ပြောတာမှန်း တစ်ဖက်လူသိပါတယ်။ သူပြောတာကိုလည်း အရေးတယူ ပြန်နားထောင်ပေးဖို့တော့ လိုပါတယ်။

၂။ ဒီကိစ္စမှာ ကိုယ့်ဘက်ကလည်း တာဝန်ရှိမှန်းသိတယ်။

နှစ်ဦးနှစ်ဖက် ပါဝင်ပတ်သက်ရမယ့် အနေအထားဆိုတာ သင်သိတဲ့အကြောင်း ပြောပါ။ သင့်အကြံဉာဏ်ကိုလည်း ပေးပါ။ သူပေးတဲ့ အကြံဉာဏ်ကိုလည်း ယူပါ။ ဒါ နှစ်ဦးစလုံးသက်ဆိုင်တဲ့ ကိစ္စဆိုတာ သူ့ကို သေချာပြောပြပါ။

၃။ ကိုယ်တို့ပြောဆိုနေတာ တကယ့်အကြောင်းအရာနဲ့ လွဲကုန်ပြီ။

စပြီး အငြင်းပွားတဲ့ကိစ္စက သေးသေးလေး။ တစ်ဖြည်းဖြည်း ငြင်းခုံရင်းနဲ့ အနိုင်လိုချင်စိတ်တွေ များလာတဲ့အခါ ပြောရမယ့် အကြောင်းအရာကိုကျော်ပြီး မပြောသင့်တာတွေ၊ အရင်တုန်းက ကိစ္စတွေကိုပါ ချဲ့ကားပြောဆိုတာမျိုး မဖြစ်ပါစေနဲ့။

၄။ ကိုယ် အခုပြောမယ့်ဟာကို ဖြေရှင်းစရာ မလိုပါဘူး။ ပြောသင့်တယ်ထင်လို့သာ ပြောတာပါ။

တစ်ဖက်လူဘက်ကို ထည့်တွေးပြီး ပြောပေးတဲ့ စကားပါ။ တစ်ဖက်လူက ဖြေရှင်းချင်တယ်ဆိုရင်တောင် အလောတကြီး၊ ဒေါသတကြီး မဖြစ်တော့ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ပြီးသွားပါလိမ့်မယ်။

၅။ ကိုယ်တို့ ဘာအတွက် ပြသနာတက်နေကြတာလဲ။

တစ်ခါတစ်လေ ဘာမဟုတ်တာလေးနဲ့ နှစ်ယောက်စလုံး ငြင်းခုံကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး ခုလိုလေး မေးမြန်းကြည့်ဖို့ လိုပါတယ်။ ဒါ ပြန်အဆင်ပြေသွားစေမယ့် နည်းတစ်ခုပါပဲ။

၆။ ဒီကိစ္စက တစ်ယောက်တည်းအတွက် မဟုတ်ဘူး၊ ကိုယ်တို့နှစ်ဦးစလုံးနဲ့ ပတ်သက်တဲ့ ကိစ္စပါ။

တစ်ယောက်တည်း နင်းကန်ပြောဆိုနေတာကို ရပ်တန့်စေချင်ရင် ခုလို ပြောပေးလိုက်ပါ။ အချစ်ရေးကိစ္စရပ်တိုင်းဟာ နှစ်ဦးစလုံးနဲ့ သက်ဆိုင်တာချည်း မဟုတ်လား။

၇။ ငါးမိနစ်လောက် ခဏရပ်လိုက်ကြရအောင်။

ပြသနာအကြီးအကျယ်တက်လာတဲ့အခါ ရန်ဆက်မဖြစ်တော့ပဲ ငါးမိနစ်လောက် နားလိုက်တဲ့အခါ နှစ်ဦးစလုံး စိတ်ပြေသွားတတ်ကြပါတယ်။

၈။ ကိုယ် မင်းကို ချစ်တယ်။

ဘယ်လောက်ပဲ ပြသနာတက်တက် ခုလို ပြောလိုက်တဲ့အခါ အပြောခံရတဲ့သူက အနည်းအကျဉ်းတော့ စိတ်ပြေသွားတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။