လက်ရှိချစ်သူကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ဘူး ဆိုရင် ဒီအရာ (၅) ခုကို ပြုလုပ်ပါ

လူတိုင်းက ကိုယ်အရမ်းချစ်ရတဲ့ ချစ်သူကို ဆုံးရှုံးရမှာ ကြောက်ပါတယ်။ သိပ်ချစ်ရတဲ့ ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် လက်တွဲသွားချင်တယ်ဆိုရင် ဒီအရာ ( ၅ ) ခုကို ပြုလုပ်ဖို့ လိုပါလိမ့်မယ်။

၁။ ကျေးဇူးတင်စကား ဆိုပါ ။

ကိုယ့်ချစ်သူကို ကျေးဇူးတင်စကားဆိုဖို့ တွန့်ဆုတ်မနေပါနဲ့။ ” ကိုယ့်ကို ချစ်ပေးနေတဲ့ အတွက် မင်းကို ကျေးဇူးတင်ပါတယ် ” ဆိုတဲ့ စကားလေးကြောင့် သင်တို့ အချစ်တွေ ပိုမို ခိုင်မြဲသွားပါလိမ့်မယ်။ ချစ်သူနှစ်ဦးကြားမှာ အခုလို ကြင်ကြင်နာနာ စကားလေးတွေ ပြောပေးနေတဲ့အတွက် ခဏခဏ ပြသနာတက်ခြင်းတွေကိုလည်း ကာကွယ်ပေးရာ ရောက်ပါလိမ့်မယ်။

၂။ အမြဲ ဆက်သွယ်မှုရှိပါစေ ။

ချစ်သူနဲ့ အနေဝေးနေချိန်မှာ အမြဲထိတွေ့ဆက်သွယ်နေဖို့ လိုပါတယ်။ ဖုန်းပုံမှန်ခေါ်ပြီး ဖုန်းပြောပါ။ စာတို မက်ဆေ့ချ်လေးတွေ ပို့ပါ။ အင်တာနက်ကတဆင့် ဆက်သွယ်ပါ။ ဖြစ်နိုင်ရင် ပြောချင်တဲ့ စကားလေးတွေကို စာရွက်ပေါ်မှာ ချရေးပါ။ ပြီးရင် စာတိုက်ကဖြစ်စေ၊ ဓာတ်ပုံရိုက်ပြီး အင်တာနက်ကဖြစ်စေ ၊ ချစ်သူဆီကို ပို့ပါ။ ချစ်သူအတွက် အချိန်ပေးပြီး စာရေးတဲ့ သင့်ကို သင့်ချစ်သူက အရမ်းချစ်သွားမှာ သေချာပါတယ်။

၃။ ခံစားချက်တွေကို ထုတ်ပြောပါ ။

သူ့ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ ပါးစပ်ကနေ ဖွင့်ပြောပါ။ ခံစားချက်တွေကို ထုတ်ပြောခြင်းက အချစ်ရေးမှာ ကောင်းမွန်တဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။ ဒီစကားလေးတွေ စမ်းသပ်ပြောဆိုကြည့်ပါ …

  • ” ကိုယ် မင်းကို အရာရာတိုင်းထက် ပိုချစ်ပါတယ်”
  • ” ကိုယ့်ရင်ခွင်ထဲ မင်းရှိနေရင် အရမ်းစိတ်ချမ်းသာတယ် “
  • ” မင်းမျက်နှာလေး မြင်လိုက်ရမှ အမောပြေတော့တယ် ” ။

၄။ မေးခွန်းလေးတွေ မေးပါ ။

ကိုယ့်ချစ်သူကို မေးခွန်းလေးတွေ မေးဖူးပါသလား ။ ” မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား ” ၊ “နေ့လည်စာ စားကောင်းရဲ့လား” အစရှိတဲ့ စကားလေးတွေပေါ့။ ချစ်သူ ဘာတွေ အဆင်မပြေဖြစ်နေလဲ ဆိုတာ သိရအောင် မေးမြန်းပါ ။ ပြီးရင် အားပေးစကားလေးတွေ ပြောဆိုပေးပါ ။ မေးခွန်းလေးတွေ မေးခြင်းက ချစ်သူကို တန်ဖိုးထားရာ ရောက်ပါတယ်

၅။ လေးစားမှု ရှိပါ ။

ချစ်သူနှစ်ဦး စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ရန်ဖြစ်ကြရင်တောင် လေးစားမှုရှိနေဖို့လိုပါတယ်။ ခံစားချက်တွေကို လေးစားပါ။ သူဘာပြောချင်နေတာလဲ ဆိုတာ သေချာနားထောင်ပါ။ လေးစားမှု မရှိရင် ပြသနာက ပိုကြီးသွားနိုင်ပါတယ်။ လက်ရှိ ချစ်သူကို အရင်ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ကြည့်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ဆောင်းပါးရေးသားသူ –
နင် ဂျာ ( Love Shop )