မိန်းကလေးတစ်ယောက် ဒီအမှား (၅) ခုကို လုပ်မိတာ သူ့ချစ်သူကို အရမ်းအရမ်း ချစ်လို့ပါ

အချစ်ရေးမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ အမှားလုပ်မိလေ့ရှိကြပါတယ်။ အမှားဆိုတာ ဖြစ်လေ့ရှိတဲ့အတွက် မရည်ရွယ်တဲ့အမှားမျိုးဆိုရင် ခွင့်လွှတ်ပေးဖို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ ခွင့်လွှတ်နိုင်လောက်တဲ့ အမှားလုပ်မိသူကို အပြစ်မဆိုပဲ ၊ နောက်မဖြစ်ဖို့သာ ပြောပြရမှာပါ။

အချစ်ရေးမှာ အမျိုးသမီးအများစု ပြုလုပ်မိလေ့ရှိတဲ့ အမှားတွေထဲက အမျိုးသားတွေ ခွင့်လွှတ်ပေးသင့်တဲ့ အမှား (၅) ခုရှိပါတယ်။

၁။ စိုးရိမ်မှု လွန်ခြင်း

သင် ဘာတွေမဟုတ်တာ လုပ်နေပြီလဲ။ သူ့ကိုမပြောထားတာ ဘာတွေများ ရှိနေပြီလဲ ဆိုပြီး တစ်ခါတစ်လေ စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ်။ ဒါကို အမျိုးသားတွေဘက်က နားလည်အောင် သေချာရှင်းပြဖို့ လိုပါတယ်။ အမျိုးသမီးတွေဘက်ကလည်း စိုးရိမ်မှုလွန်ကဲရင် သံသယဖြစ်လာတတ်တာ သတိပြုရမှာပါ။

၂။ စကားများခြင်း

စကားများခြင်းဟာ အမှားတော့မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် စကားပိုပြောတတ်ကြတာ သဘာဝဖြစ်ပါတယ်။ ဆက်ပြီး နားမထောင်ချင်တော့ဘူးဆိုရင် သင်ဆက်တိုက်ပြောဖို့ တစ်ခုခု ရှာကြံစဉ်းစားလိုက်ပါ။ ဒါမှမဟုတ် သူမမသိတဲ့ အရာတစ်ခုကို ပြောဖို့ စဉ်းစားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စကားများတယ် ဆိုတာလည်း ခွင့်လွှတ်လို့ ရတဲ့အရာပါ။

၃။ ဆရာလုပ်ခြင်း

အမျိုးသားတွေထဲမှာလည်း ဆရာလုပ်တတ်သူရှိသလို အမျိုးသမီးတွေထဲမှာလည်း ဆရာလုပ်တတ်သူတွေရှိပါတယ်။ သူ့ဗီဇနဲ့ သူလာတာဖြစ်ပြီး ယောက်ျား၊မိန်းမနဲ့ မဆိုင်လှပါဘူး။ အများရှေ့မှာ သင့်ကို သိက္ခာကျအောင် မလုပ်သရွေ့ သူဆရာလုပ်တာကို သင်ခွှင့်လွှတ်ပေးသင့်ပါတယ်။

၄။ စိတ်ကောက်ခြင်း

အမျိုးသားတွေ အချစ်ရေးမှာ အမြဲကြုံရတဲ့ ပြဿနာက အမျိုးသမီးတွေရဲ့ စိတ်ကောက်ခြင်းဖြစ်ပါတယ်။ ချစ်သူကိုမချော့ဖူးတဲ့ အမျိုးသားဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် တော်ရုံ စိတ်ကောက်တာဆိုရင် သင်ခွင့်လွှတ်ပြီး ချော့ဖို့လိုပါတယ်။ အမျိုးသမီးတွေ စိတ်ကောက်တာဟာ အချော့ခံချင်လို့ ဆိုတာ သိထားရမှာပါ။

၅။ ရစ်တတ်ခြင်း

အရစ်ခံရတာဟာ စိတ်ညစ်စရာလို့ ထင်စရာရှိပေမယ့် တစ်ဖက်က ပြန်ကြည့်ရင် သင်ပိုပြီးတောင် စိတ်ချနိုင်ပါသေးတယ်။ ရစ်ဖို့ ကြိုးစားနေတဲ့သူဟာ သင့်ကို အမှန်တကယ် ဂရုစိုက်သူ လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူမရဲ့အမှားတွေထဲမှာ ရစ်တတ်တာကိုလည်း ခွင့်လွှတ်ရမယ့် အရာလို့ သဘောထားလိုက်ပါ။