ဒီအကျင့်ဆိုး (၅)ခုကြောင့် သင်တို့ အချစ်ရေး ပျက်ဆီးသွားနိုင်ပါတယ်

သင့်အချစ်ရေးကို အဲ့ဒီအကျင့်ဆိုးတွေက ဖျက်ဆီးမပစ်ခင် သင်ကအရင် ဒီအကျင့်ဆိုးတွေကို ဖျက်ဆီးပစ်လိုက်ပါ။

ခုပြောပြပေးမယ့် အရာတွေဟာ သင်တို့အချစ်ရေးကို ဖျက်ဆီးပစ်နိုင်တဲ့အရာတွေပါ၊ ဒီလိုအမူအကျင့်တွေအတိုင်း လက်ခံကျင့်သုံးဖြစ်နေတယ်ဆိုရင် နှစ်ယောက်စလုံး ချက်ချင်းပြင်ဆင်ပစ်လိုက်ဖို့ အကြံပေးချင်ပါတယ်။

၁။ သင်ဟာ ပြဿနာတစ်ရပ်ကို သေချာမဖြေရှင်းပဲ ပြီးပြီးရော တောင်းပန်တတ်တယ်။

သင်ဟာ နှစ်ဦးသား ပြဿနာတစ်ခုခု တက်ပြီဆိုတာနဲ့ ဖြစ်တဲ့ပြဿနာကို သေချာမဖြေရှင်းပဲ ပြီးပြီးရောသာ တောင်းပန်လိုက်တယ်။ တကယ့်ပြဿနာကို သေချာဖြေရှင်းဖို့ မတွေးဘူး၊ နောက်တစ်ခါထပ်ဖြစ်တဲ့ ပြဿနာ ကလည်း ဒါပဲဆိုရင် ရေရှည်သင်တို့ချစ်သူနှစ်ဦး ဘယ်လိုစခန်းသွားမလဲ။

၂။ သင်ဟာ ချစ်တဲ့အကြောင်းလေးတွေ ယုယုယယ မပြောဖြစ်တော့ဘူး။

တွဲလာတဲ့အချိန်လေး နည်းနည်းရလာပြီဆိုတာနဲ့ ကိုယ့်ချစ်သူ ဘယ်လောက်ချစ်ဖို့ကောင်းကြောင်း၊ ချောကြောင်း၊ ဘယ်လောက်မြတ်နိုးကြောင်း၊ ဘယ်လောက်ချစ်ကြောင်းတွေ မပြောဖြစ်တော့ပါဘူး၊ တကယ်တော့ နေ့စဉ်နေ့တိုင်း ဒီလိုစကားလေးတွေ ပြောတတ်တဲ့စုံတွဲဟာ ရေရှည်မှာ ပိုမြဲပါတယ်။ အရေးမကြီးဘူးထင်ရတဲ့ အချက်ကလေးတွေဟာ တကယ်တော့ အရေးအကြီးဆုံး ဖြစ်နေတတ်တာ မေ့ထားလို့မရပါဘူး။

၃။ သင့်မှာ ပိုက်ဆံအကြောင်း ပြောဖို့ရာ ဝန်လေးတွန့်ဆုတ်နေမယ်၊ သင့်ချစ်သူရောပဲ။

ပိုက်ဆံဟာ အရေးကြီးပါတယ်။ ဒါပေမယ့် အတွဲတော်တော်များများဟာ ဖက်ရှင်အကြောင်းအရာတစ်ရပ်လို ပိုက်ဆံကိစ္စကို ပေါ့ပေါ့ပါးပါး မပြောဆို မဆွေးနွေးနိုင်ကြပါဘူး၊ အတွဲတစ်တွဲ တည်မြဲဖို့ဆိုတာ အချစ်၊ သစ္စာ မေတ္တာတွေအပြင် ပိုက်ဆံကိစ္စကလည်း အရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦး ပိုက်ဆံကိစ္စ ပွင့်ပွင်လင်းလင်း မပြောထားရင် ဒီစုံတွဲရေရှည်မမြဲနိုင်ပါဘူး။

၄။ သင်ဟာ နှစ်ဦးသားဆက်ဆံရေးထက် ဆိုရှယ်မီဒီယာကို ပိုအသားပေးတယ်။

ဒါပြသနာတစ်ရပ်ပါပဲ၊ အထူးသဖြင့် လူငယ်စုံတွဲတွေ အတွက်ပေါ့။ ခံစားချက်ကို စတေးတပ်စ်လေးတင်လိုက်တာ၊ သူ့ပို့စ်အောက်မှာ ကွန်မန့်ဝင်ရေးလိုက်တာမျိုးတွေဟာ သင်တို့နှစ်ဦးရဲ့ တကယ့်ဆက်ဆံရေး မဟုတ်ပါဘူး။ ချစ်တဲ့အကြောင်း လက်တွေ့မပြပဲ စတေးတပ်စ်ကြီးပဲ တင်နေလို့လည်း မရပြန်ပါဘူး။ ချစ်သူကို မျက်နှာချင်းမဆိုင်ဖြစ်ပဲ ဖေ့စ်ဘွတ်ခ်၊ instagram၊ Pinterest ဒါမှမဟုတ် Twitter ချည်းသုံးနေမယ်ဆိုရင် ဒါဟာ ပြသနာတစ်ခုလို့ ပြောပါရစေ။

၅။ သင်ဟာ မကြာခဏစိတ်ရှုပ်တတ်ပြီး၊ သင်စိတ်အလိုမကျတာနဲ့ ရစ်တော့တာပဲ။

ညဘက်တွေ နောက်ကျမှ အိပ်ယာဝင်မယ်။ အဲဒီတော့ အိပ်ရေးမဝပဲ အလုပ်သွားရမယ်၊ အလုပ်လုပ်ရတာ အဆင်ပြေချင်မှပြေမယ်၊ စိတ်အလိုမကျတာတွေဖြစ်နေမယ်၊ စိတ်ရှုပ်စိတ်ပင်ပန်းတာတွေ ဖြစ်မယ်။ အလုပ်မှာ စိတ်ဖိစီးမှုတွေ ဖြစ်မယ်၊ ခုလိုဖြစ်တိုင်း ပြသနာရှာခံရတာ သင့်ချစ်သူပဲ၊ ခုလိုသာဆက်သွားနေရင် သူကရော ဘယ်လောက်ထိ သင့်ကို သည်းခံနိုင်မလဲဆိုတာ စဉ်းစားရပါတော့မယ်။

Be the first to comment

Leave a Reply