//ချစ်သူနှစ်ဦးကြား အချစ်တွေ ပိုတိုးလာစေဖို့ ဒီအချက် (၉) ချက်ကို လုပ်ဆောင်ပေးပါ

ချစ်သူနှစ်ဦးကြား အချစ်တွေ ပိုတိုးလာစေဖို့ ဒီအချက် (၉) ချက်ကို လုပ်ဆောင်ပေးပါ

ကြည်နူးစရာကောင်းတဲ့ ချစ်သူဘဝလေးကို ဒီအချက်လေးတွေနဲ့ တည်ဆောက် ရယူလိုက်ပါ။ သင်ရော သင့်ချစ်သူရော နှစ်ယောက်စလုံး လုပ်ဆောင်သင့်တဲ့ အရာလေးတွေ ဖြစ်ပါတယ်။

 

 

၁။ သင့်ချစ်သူရဲ့ကွက်လပ်လေးတွေကို ဖြည့်ပေးပါ ။

 

အရာရာ ပြည့်စုံနေတဲ့ ချစ်သူဆိုတာ မရှိပါဘူး။ သင့်ချစ်သူ လိုအပ်နေတဲ့ အရာလေးတွေကို ကြိုးစားဖြည့်ဆည်းပေးပါ။ ယောကျာ်းလေး နဲ့ မိန်းကလေး အတွေးအမြင်မတူကြတဲ့အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လိုအပ်ချက်လေးတွေ ဖြည့်ဆည်းပေးဖို့ လိုပါတယ်။

 

 

၂။ သင့်ကိုယ်သင်လဲ ချစ်ပါ ။

 

သင် လှပကျော့ရှင်းပြီး ပျော်ရွှင်နေတာကို သင့်ချစ်သူက မြင်ချင်တာပါ။ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးတစ်ခု ပိုင်ဆိုင်ထားပေမယ့် သင့်ကိုယ်သင် အမြဲတစေ လှပကျော့ရှင်းအောင် ဂရုစိုက်နေသင့်ပါတယ်။

 

 

၃။ စိတ်သဘောထား ကောင်းကောင်းထားပါ။

 

ကောင်းမွန်စွာ နေထိုင်ခြင်းက သင့်စိတ်ကို အေးချမ်းစေပါတယ်။ စိတ်ထားကောင်းမွန်ပြီး အေးချမ်းနေတဲ့ သင့်ကို သင့်ချစ်သူကလဲ ပိုမို မြတ်နိုးလာပါလိမ့်မယ်။

 

 

၎။ သဘောထားချင်း ညှိနှိုင်းပါ ။

 

ချစ်သူတွေဖြစ်ကြပေမဲ့ တခါတလေ သဘောထားလေးတွေ ကွဲလွဲတတ်ကြပါတယ်။ နှစ်ယောက်ဆိုတော့ သဘောထားက နှစ်ခု ထွက်လာနိုင်ပါတယ်။ အကောင်းဆုံးနဲ့ ဖြစ်သင့်တဲ့ သဘောထားကိုပဲ နှစ်ဦးသဘောတူ ရွေးချယ် လုပ်ဆောင်သင့်ပါတယ်။ ယခုဆောင်းပါးကို “Love Shop” Online Media မှ ရေးသား တင်ဆက်ပါသည်။

 

 

၅။ ချိုသာစွာပြောဆိုပါ ။

 

အပြောအဆို ကြမ်းတဲ့ချစ်သူတွေဟာ သာမန်ချစ်သူတွေထက် ပိုမို စကားများ ရန်ဖြစ်လေ့ရှိပါတယ်။ နောက်ဆုံး အခြေအနေဆိုးပြီး လမ်းခွဲဖို့အထိ ဖြစ်သွားနိုင်ပါတယ်။ တစ်ယောက်အပေါ် တစ်ယောက် စကားချိုသာစွာပြောဆို သုံးနှုန်းခြင်းက အပျော်တွေ နှစ်ဆတိုးစေပါတယ်။

 

 

၆။ အပြန်အလှန် လေးစားပါ ။

 

တစ်ဦးကို တစ်ဦး အလိုက်တသိ အပြန်အလှန် လေးစားတတ်ဖို့လိုပါတယ်။ အထူးသဖြင့် သင့်အပြုအမူကြောင့် သူ့ပတ်ဝန်းကျင်မှာ သူမျက်နှာပွင့်ရတယ်ဆိုရင် သင့်ကို ပိုမို မြတ်နိုးမိမှာ အမှန်ပါပဲ။ အရင်ကထက်လဲ အပြန်အလှန်လေးစားမှု ရရှိလာမှာပါ။ ယခုဆောင်းပါးကို Love Shop မှ ရေးသားတင်ဆက်ပါသည်။

 

၇။ မျှဝေခံစားပါ ။

 

မိမိ ဘဝလက်တွဲဖော်ရှေ့မှာ ခံစားချက်တွေ သိုဝှက်မထားပါနဲ့ ။ နာကျင်ခံစားရရင်လဲ ဖွင့်ဟပြောဆိုဖို့ လိုပါတယ်။ ရင်ဖွင့်လိုက်ရင် ခံစားမှု တစ်ဝက် လျော့ကျစေပါတယ် ။ သင် ပျော်ရွှင်မှုတွေ ကြုံတွေ့ခဲ့ရင်လဲ ချစ်သူကို မျှဝေလိုက်ပါ။ နှစ်ဆ ပိုပျော်ရပါလိမ့်မယ် ။

 

၈။ အမှတ်တရလေးတွေ ထားပါ ။

 

ချစ်သူနှစ်ဦး ဘယ်လို အမှတ်တရတွေထားမလဲ ? လွယ်ပါတယ်။ ချစ်သူစဖြစ်တဲ့အချိန် ၊ မွေးနေ့၊ နေထူးနေ့မြတ်တွေမှာ အတူပျော်ခဲ့ကြတာတွေကို အမှတ်တရ အနေနဲ့ ထားပါ ။ လက်ထပ်ပြီးသွားရင်တော့ လက်ထပ်ခွင့်တောင်းတဲ့နေ့ နဲ့ လက်ထပ်ပွဲနေ့ကို ထာဝရ အမှတ်တရအဖြစ် သက်မှတ်ထားလိုက်ပါ။

 

၉။ Surprise လုပ်ပေးပါ ။

 

ကိုယ်တတ်နိင်သလောက်လေးတွေနဲ့ပဲ ကိုယ့်ချစ်သူကို သတိတရ Surprise လေးတွေ လုပ်ပေးပါ ။ သင်လုပ်ပေးတဲ့ Surprise လေးကို သင့်ချစ်သူ ကြိုက်မှာ မဟုတ်ပါဘူးလို့ မတွေးပါနဲ့။ ချစ်သူတွေဆိုတာ အသေးအမွှားလေးက အစ မြတ်နိုး တန်ဖိုးထားတတ်ကြတဲ့ အမျိုးပါ။

 

 

ဆောင်းပါးရေးသားသူ –
Modern Cupid ( Love Shop )