အသည်းကွဲဖူးတဲ့ ကောင်မလေးကို ချစ်မိရင် ဒါလေးတွေ သိထားပါ

အသည်းကွဲဖူးတဲ့ မိန်းကလေးတစ်ယောက်က တစ်ခြားမိန်းကလေးတွေနဲ့ မတူဘဲ ကွဲပြားပါတယ်။ ဒီလို ကောင်မလေးမျိုးကို ချစ်မိရင်တော့ ဒါလေးတွေ သိထားဖို့ လိုပါလိမ့်မယ်။

 

 

၁။ သူမက အချစ်ကို နားလည်တယ်။

 

 

သူမ ချစ်ခဲ့ဖူးတဲ့အတွက်ကြောင့် အချစ်ဆိုတဲ့ ခံစားချက်ကို နားလည်တယ်။ လူတစ်ယောက်ကို ဘယ်လိုချစ်ရမယ်ဆိုတာကို နားလည်သလို သူမကို ချစ်တဲ့ မင်းရဲ့အချစ်က စစ်မှန်ရဲ့လားဆိုတာ သိတယ်။

 

 

၂။ အချစ်ကြောင့် ဝမ်းနည်းမှုကို ခံစားဖူးတယ်။

 

 

သူမ ယုံကြည်ခဲ့တဲ့ ချစ်ခဲ့ရတဲ့သူကြောင့် နှလုံးသား နာကျင်ခံစားခဲ့ရတဲ့အတွက် ဒီလို သင်ခန်းစာတွေက သူမကို ပိုပြီး ခိုင်မာစေတယ်။ အစမှာ သူမအတွက် နာကျင်မှုတွေ ကုစားဖို့ ခက်ခဲတဲ့အချိန်တွေရှိပေမဲ့ မင်းက သူမအတွက် အားကိုးရာ ယုံကြည်ရာတစ်ခုအဖြစ် ရှိပေးနေရင် သူမရဲ့ အချစ်ကို ရဖို့ လွယ်ပါလိမ့်မယ်။

 

 

၃။ သူမဟာ ကိုယ်ပိုင်တန်ဖိုးကို သိတယ်။

 

 

သူမဟာ မှားယွင်းတဲ့ အချစ်တွေကြောင့် မှားယွင်းတဲ့သူကို ရွေးချယ်ခဲ့တဲ့အတွက်ကြောင့် နာကျင်ရတာတွေ ဒါတွေက သူမကို သင်ခန်းစာပေးခဲ့ပါတယ်။ အခုချိန်မှာတော့ သူမဟာ သူမရဲ့ အချစ်တွေကို တန်ဖိုးထားမဲ့သူကိုပဲ ရွေးချယ်ပြီး ပေးပါလိမ့်မယ်။ ယခုဆောင်းပါးကို Love Shop မှ ရေးသား တင်ဆက်ပါသည်။

 

 

၎။ သူမအတွက် ဒဏ်ရာတွေ ကုစားဖို့ အချိန်တစ်ခု လိုအပ်ပါတယ်။

 

 

မင်းအနားမှာ နေဖို့ဆိုရင် သူမက အချိန်တစ်ခု လိုအပ်ဦးမှာပါ။ အတင်း ဖိအားမပေးပါနဲ့။ သူမအတွက် ကောင်းမွန်တဲ့သူတစ်ယောက်ဆိုတာ သေချာတဲ့အခါ မင်းကို လက်ခံပေးပါလိမ့်မယ်။

 

 

 

၅။ သူမက အလွယ်တကူ မယုံကြည်တတ်တော့ဘူး။

 

 

ကိုယ့်ကိုယ်ကို ကာကွယ်ထားတယ်။ သူမရဲ့ အကြောင်းကို အလွယ်တကူ ဖွင့်မပြောတတ်တော့ဘူး။ ခံစားချက်တွေ မဖွင့်ဟတော့ဘူး။ အရေးကြီးဆုံးကတော့ မင်း သူမကို တကယ်ချစ်တယ်ဆိုရင် ယုံကြည်မှုကို အရင်တည်ဆောက်ပါ။ သူမရဲ့ ယုံကြည်အားကိုးမှုကို ရပြီးရင်တော့ မင်းကို အချစ်စစ်နဲ့ ချစ်ပေးပါလိမ့်မယ်။

 

 

ဆောင်းပါးရေးသားသူ-
Christine ( Love Shop )

Leave a Reply

Your email address will not be published. Required fields are marked *